အပိုင်း ၆

3.7K 85 6
                                    

ထိုနေ့ညတွင် နုလည်း ဟိုလူ၏ပိုက်ဆံကို ပြန်ဆပ်ရန်တွေးနေတုန်း..စေတမာန်၏စကားသံများကို ကြားယောင်လာသည်။
ဒီကလေးမက ကူညီချင်စိတ်ရှိသားပဲ.ဒါနဲ့များ ဘာလို့ ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေရတာလဲ။ ပြီးတော့ သူ့လက်ထဲက video .အယ့်တာသာရရင် ငါ အတွက် အန္တာရယ်တစ်ခု ကင်းပြီ။...ဟူးး ငါနှယ့်လည်း ဟိုးရှေးဘဝ က ဘာတွေလုပ်ခဲ့မိလဲ မသိပါဘူး။ဝဋ်ကြွေးတွေ မြန်မြန်ကြေချင်လှပြီ.။...
မေမေရေ....မေမေ...(သားသားခေါ်သံ)
ပြောလေ...သား..
သားသား လေ မေမေ့ကို ပြောပြရမလား..မပြောပြရဘူးလား..စဥ်းစားနေတာဗျ..။သားသားပြောချင်သလိုလို မပြောချင်သလိုလို ဖြစ်နေရင်း...သားသားရဲ့စိတ်ထဲလည်း ပြေညသင့်တယ်ထင်သလို မပြောသင့်ဘူး ထင်သလို ဖြစ်နေတာ..။ဒါနဲ့ နောက်ဆုံးကျတော့လည်း..ပြောလိုက်ရင်ကောင်းမလား...မပြောလိုက်ရင်ကောင်း....................
တစ်ယောက်တည်း မမဆောင်း ဖြစ်နေသော သားသား ကို နု ကြည့်နေရင်း ပြုံးနေမိသည်။
အမလေး...ကဲ...နောက်ဆုံး ပြောမှာလား..မပြောဘူးလား..သားသား..မေ့မေ့ကို မူးအောင်လုပ်နေတာလား.။
ပြောမှာပါ..မေမေရဲ့ စကားပလ္လင်ခံရသေးတယ်ဗျ။ ဒီလိုဗျ မေမေရ......ဒီနေ့လေ..သားကို ကျောင်းက တစ်ယောက်က စာပေးတယ်ဗျ...။သားသားလည်း ယူထားလိုက်တယ်။ပေးတဲ့သူက အ​ေချာလေး..ဟိဟိ။..
​ပြောနေရင်း ရယ်လိုက်သော သားသား ကိုကြည့်၍ နုမှာတော့....အမယ် အမယ် ငါ့သားက တယ်လည်းစွံ ပါ့လား..။ ပြောပါဦး..ကောင်မလေးက ဘယ်လောက်တောင် ချစ်စရာကောင်းလဲ.။သားနဲ့သိလား။...
မဟုတ်ဘူး မေမေရ...ကောင်မလေး မဟုတ်ဘူး...ကောင်လေး..ကောင်လေး..။
ဗုဒ္ဓေါ... နု အံ့သြ မိသည်။..သားသားနော်..သားသား အသက် ဘယ်နှစ် နှစ်ပဲ ရှိသေးလို့တုန်း.မျက်နှာကိုကြည့်ဦး ပြုံးဖြီးနေတာပဲ.
မေမေကလည်း အသက်က ၁၂ ဆိုပေမယ့်..နှလုံးသားကတော့ အချစ်ကို ခံစားတတ်နေပါပြီဗျ...
ကဲဟယ်...ဒေါက်...
အာ့ မေမေကလည်း..နာတယ်ဗျ။
အချစ်ကို ခံစားတတ်ချင်အုံး..လူကဖြင့် လက်တောက်လောက်လေးနဲ့ စကားတွေက မိုးပေါ်က မဆင်းပါလား..။ ဒီမယ် သားသားအရွယ်ရောက်လို့ ေယာကျာ်းယူယူ မိန်းမ ယူယူ မေမေနားလည်ပါတယ်။..ဒါပေမယ့် ခု ပညာသင်ရမယ့်အရွယ်မှာ ပညာပဲသင်ပါကွယ်။..နော်...သားသားက မေမေ့ကို မချစ်ဘူးလား...ပြော.
ဟာ..မေမေကလည်း ချစ်တာပေါ့..သားသားက မေ​မေ့ကို အချစ်ဆုံး..စိတ်ချပါ မေမေရဲ့..သားသားကမေမေ့စကားကို နားထောင်မှာပါ။
ဒါမှ မေမေ့သားလေး...ဟုဆိုကာ..သားသားကို ဖက်လိုက်တော့...နုရဲ့ပြဿနာတွေအားလုံး မေ့သွားသလို.စိတ်အေးချမ်းသလို ခံစားရသည်။..
နု အသက်ရှင်နေတာ သားသားကြောင့်ပင်..နုအတွက် သားသားက အရမ်းအရေးပါသည်။သားသား သာ တစ်ခုခု ဆိုလျှင် နု ဒီလောက ကြီးမှာ မနေချင်တော့ပေ။..
မေမေ မနက် ကျောင်း ပိတ်တာ သားသားတို့ js သွားရအောင်.နော်...
ကောင်းပါပြီရှင်...ခုတော့ သားသား သွားအိပ်တော့နော်..
ဟုတ်...good night မေမေ...
---------------------------------------
စေတမာန်...စေတမာန် နင်တော့ သွားပြီ...နင် ချစ်သွားလို့မရဘူးလေ..ပြီးတော့ နင် sex only ရည်ရွယ်ထားတာဆို..အယ့်တာကို ဘာလို့ ချစ်မိသွားတာလဲ..စေတမာန် အတွေးထဲ မေးခွန်းပေါင်း များစွာ
ဟာ....ဘာမှမသိတော့ဘူးကွာ...တီချယ်နုကို ချစ်တာပဲ သိတယ်...ဘဝမှာ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးသော စေတမာန်တစ်ယောက် သူ့ဘဝမှာ ပထမဆုံး ချစ်ခဲ့မိတာက သူ့အမေထက်ပင် အသက်ကြီးသော..ကလေးတစ်ယောက်အမေတဲ့လား...
ဘယ်လိုပဲလုပ်ရလုပ်ရ သူမ အချစ်ကိုတော့ ငါလိုချင်မိတယ်...ဒါပေမယ်..ငါလုပ်ထားတာက နည်းတဲ့အပြစ်မှမဟုတ်တာ...သူအလိုမတူပဲ ငါ အတင်း rape လုပ်တာ နှစ်ခါတောင်ကို..သူငါ့ကို ခွင့်လွှတ်နိုင်ပါ့မလား..ဘာပဲဖြစ်ဖြစ်ပါ...သူမဆီက ခွင့်လွှတ်မှုကိုတော့ ရအောင် လုပ်ရမယ်။..
သူမတွေးနေရင်း ပင် အိပ်ပျော်သွားလေသည်။

အရိုင်းအစိုင်း (complete)Where stories live. Discover now