အပိုင်း ၁၂

2.5K 85 6
                                    

နောက်တစ်နေ့......

အချစ်ကလေး ရောက်လာပြီလား...လာလေ..။
ရှင် ကျမကို အယ့်လိုမခေါ်နဲ့လို့ ဘယ်နှစ်ခါပြောရမှာလဲ။.
အချစ်ကလေးရယ်...အချစ်ကလေး ကိုယ့်ကို လက်ထပ်ရင်လည်း ကိုယ် အယ့်လိုခေါ်မှာပဲကို..ဘာတွေ ရှက်နေတာလဲ။..နုအနားကို ကပ်ကာ ပြောလာသောထိုလူ။.နုကို သားသားနဲ့ခြိမ်းခြောက်ပြီး အတင်းလက်ထပ်ခိုင်းနေတဲ့လူ။..ရွေးချယ်စရာ မရှိတဲ့အဆုံး နု ဆုံးဖြတ်လိုက်ရသော အရာတစ်ခု။...
ကောင်းပြီ။..ကျမ....ကျမ ရှင်နဲ့ လက်ထပ်ပါ့မယ်။...နု မျက်လုံးအိမ်များတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသလို နှလုံးသားထဲတွင်လည်း အလွန် နာကျင်နေသည်။.....

စေတမာန် ရယ်...တို့ရဲ့ နှလုံးသားကို မင်းချစ်ခြင်းမေတ္တာတွေ အိပ်စက်ရာ အခန်းလေးတစ်ခန်းဖြစ်စေချင်မိပါတယ်။..ဒါပေမယ့် အခုတော့.....အခုတော့......နု အရမ်းဝမ်းနည်းလာသည်။..ထိန်းမနိုင်သော မျက်ရည်စများကလည်း ဖြူဖွေးသော ပါးပြင်လေးပေါ်တွင် စီးကျလာသည်။...ထို မျက်ရည်များကို သုတ်ပေးနေသော လက်တစ်စုံ..။သို့သော် ကိုယ်ချစ်ရတဲ့သူမှ မဟုတ်ပေ။...

မငိုပါနဲ့ အချစ်ရယ်.။ကိုယ်က မင်းကို လိုလေသေးမရှိအောင်ထားမှာပါ။..အယ့်တာဆို ကိုယ်တို့ မင်္ဂလာ ဆောင်ဖို့ ပြင်ဆင်ရအောင်။..

ကျမ ကို တရားရုံးမှာပဲ လက်ထပ်ခွင့် ပြုပါ။..

ဟာ....ဒါတော့ ဘယ်ရမလဲ။...မင်းက နှစ်ကြိမ်မြောက်ဆိုပေမယ့် ကိုယ်က ပထမဆုံးအကြိမ် လေ။....ကိုယ့်ရဲ့ ဘော်ဒါတွေကို ဖိတ်ပြီး အကြီး အကျယ် လုပ်ရမှာပေါ့။

ကျမ ဒီတစ်ခုလေး တောင်းဆိုတာကို လက်ခံပေးပါ။..ကျမ တောင်းပန်ပါတယ်။...ရှင် လိုချင်တာ ကျမ ခန္ဓာကိုယ် ကိုမလား။တော်ပြီပေါ့..။ရှင် လိုချင်တာကိုရပြီပဲမလား။...

ကောင်းပြီလေ။..ဒါဆို မင်းသဘောပဲ။ကိုယ်တို့ မနက်ဖြန် တရားရုံးတက်ပြီး လက်မှတ်ထို့ကြရအောင်။

ဘာ!!!!!!မနက် ရှင် ရူးနေလား။...ကျမ သားလေးကို ပြောပြရဦးမယ်လေ။...မနက်ဖြန်တော့ မဖြစ်နိုင်ဘူး။..နောက်တစ်ပတ်ကို ရွေ့ပေးပါ။.

ဒီမှာ အယ့်လိုဆိုလည်း မင်းဒီနေ့ပဲ ကိုယ့်အိမ်ကို ပြောင်းလာခဲ့တော့။..မင်းကို ကိုယ်စိတ်မချဘူး။..မင်းကို ကိုယ့်အနားမှာ ရှိစေချင်တယ်.။ဒါပဲ။...ငြင်းဖို့မကြိုးစားနဲ့။.မဟုတ်လို့ကတော့.......မင်းသိပါတယ်။

အရိုင်းအစိုင်း (complete)Where stories live. Discover now