အပိုင်း ၈

3.6K 68 2
                                    

မနက်ရောက်သော်...သားသားကိုလည်း ကျောင်းသွားဖို့ ပြင်ဆင်ပေးပြီး နုလည်း ပြင်ဆင်နေသည်။...သားသားကို ကျောင်းကားနှင့် မလွှတ်ရဲတော့ပေ။...နုကိုယ်တိုင် အပို့အကြို လုပ်ပေးတော့မည်.။ဟိုတစ်နေ့ကလို ထပ်ဖြစ်ရင် နု သေ သွားလိမ့်မည်။...သားသားရေ....သားသား....ကျောင်းသွားမယ်။နုတို့ သားအမိ တိုက်အောက်ကို ရောက်တော့...ရှေ့တွင် ရပ်ထားသော ကားတစ်စီး....
ဟင်....ဒါ ဟို ကလေးမ ကားပါလား..။
ထို့နောက် ကားမှန်ကို ချကာ ကားပေါ်က ဆင်းလာသော...ကလေးမ....
တက်........လေသံ မာမာဖြင့်....
ဘာ!!!!!!!!!!!
သူ့ထက် နှစ်ဆမာသော လေသံကို ကြားလိုက်ရတော့ စေတမာန် ကတိကို သတိရသွားသည်။ပြီးတော့မှ
ဟဲဟဲ.....ကျုပ်..မေ့သွားလို့ပါ။...
ကျုပ်.....ဟုတ်လား....တီချယ်က မေးလိုက်တော့ နောက်တစ်ခုကို သတိရသွားပြန်သည်။

ဘယ်က ကျုပ်လဲ...ရှေ့ကဖယ်....နောက်ကျတော့မယ်......

ဟိုက်...... သွားပြန်ပြီ.....ဘယ်လိုလုပ်ရပါ့..

သားသားရဲ့ လက်ကို ဆွဲကာ ထွက်သွားတော့မည်အလုပ်တွင်။....

ဗြဲ....ဗြဲ....ဗြဲ....ဗြဲ....အသံ ဗြဲ ကြီးနှင့် ကလေးမဟုတ် သူငယ်မဟုတ် ထငိုသောထိုကလေးမကြောင့် နုလည်း နောက်သို့ပြန်လှည့်ကြည့်လိုက်လေတော့....

သူများက လိုက်ပို့ချင်လို့ မနက်အစောကြီး ထပြီး ရှေ့ကနေ လာစောင့်နေတာကို.... သူက မသိဘူးဆိုတော့...ဗြဲ...ဗြဲ....

ကဲ....ဟိုကလေးမ ဘာဖြစ်နေတာလဲ...မရှက်ဘူးလား...ဟိုမှာ လူတွေ ကြည့်နေတယ်လေ..
သားသားကတော့ ရယ်နေလေသည်။

အဟိ...ဟားးဟားး....
သားသား..တောင် ရယ်နေပြီ...ကဲ...မင်းလိုက်ပို့မယ်ဆို ပို့...ဒါပေမယ့် မနေ့က ကတိတွေကိုတော့သတိရပါ..။

yes....yeay...!!!!!

ပျော်မြူးနေသော..ထိုကလေးမကို ကြည့်ကာ သူမ ပြောင်းလဲသွားသည်ကို နု မယုံနိုင်အောင် ဖြစ်နေရသည်။....

ကားတံခါးကို ဖွင့်ပေးသည်။....သားသားကျောင်းရှေ့ရောက်တော့လည်း...သားသားကို ကျောင်းအထဲထိ လိုက်ပို့ပေးပြန်သည်။...မသိလျှင် သူက အိမ်ထောင်ဦးစီး တစ်ယောက်ကဲ့သို့ပင်။.....

အရိုင်းအစိုင်း (complete)Where stories live. Discover now