အပိုင်း ၂၁

2.3K 46 0
                                    

ညနေ သို့ရောက်သော်........အသက်...မောင်နဲ့လိုက်ခဲ့။ပြောစရာရှိလို့။...မောင့်မျက်နှာထားမှာ အရမ်းတင်းမာနေသည်။မောင်စိတ်ဆိုးမယ်မှန်း နုရိပ်မိပါသည်။...သို့သော်...နုမလုပ်လို့မဖြစ်ပေ။

အသက်....ဘာလို့အယ့်လိုပြောလိုက်ရတာလဲ။မောင်ဖြေရှင်းမယ်လို့ပြောထားတယ်လေ။..ဘာလို့လဲ.....အသက်ရာ.....

ဟင့်အင်း မောင်...အယ့်လူက အရမ်းကြောက်ဖို့ကောင်းတယ်....။ပြီးတော့ သူနဲ့ မောင်အနီးကပ်နေရင်း မောင့်ကို သိသွားရင်ဘယ်လိုလုပ်မလဲ...။ပြီးတော့ အယ့်လူက အရမ်းယုတ်မာတယ်...။ အသက်သူ့ကိုစတွေ့တုန်းကဆိုသူ့ဘေးမှာ မိန်းမငယ်ငယ်လေးတွေနဲ့ ။ မောင့်ကို အယ့်လိုမလုပ်စေချင်ဘူး။...မောင်က အပျိုလေး...မတော်လို့....အသက်လိုမျိုး....အလိုမတူဘဲ မတရားကျင့်ခံရရင် ဘယ်လိုလုပ်မလဲ။ဘယ်လောက်ပဲ အားသန်တဲ့မိန်းမဖြစ်နေပါစေ....အသက် စိတ်မချဘူး မောင်။ အသက် ခန္ဓာကိုယ်က ညစ်နွမ်းပြီးသား.....အသက်ပဲ လုပ်ပါရစေ။..မောင့်ရဲ့သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကိုတော့...အထိခိုက်မခံပါနဲ့။...အသက်မှာက သားသားနဲ့မောင်က လွဲ ပြီးကျန်တာဆုံးရှုံးစရာမရှိတော့ဘူး။...ဒီတစ်ခါ အသက်စကားကို နားထောင်ပေးပါ မောင်ရယ်။

အသက်!!!!!!!!!!!

တော်ပြီမောင်......အသက် ဘာမှမကြားချင်ဘူး။ ဒါအသက် အမိန့်ပဲ။...မောင် အသက်ကို ချစ်ရင် အသက်စကားနားထောင်ရမယ်။...

မောင် ကျန်တာ နားထောင်နိုင်တယ် အသက်။...ဒီတစ်ခါ မောင်နားမထောင်နိုင်ဘူး​မောင်က အသက် သေဆိုသေ ရှင်ဆိုရှင်....အသက်မျက်နှာတစ်ကမ္ဘာထင်နေတဲ့ကောင်ပါ။..ဒါပေမယ့်...မောင့်ရဲ့ကမ္ဘာက မောင်တစ်ယောက်တည်းပဲ နေထိုင်ခွင့်ရှိရမယ့်ကမ္ဘာ....မောင့်မူပိုင်ကမ္ဘာ ထဲကို ဘယ်ဧည့်သည်ကိုမှ လက်မခံနိုင်ဘူး အသက်။...

ဒါပေမယ့် မောင်....မောင့်ရဲ့ကမ္ဘာလို့သတ်မှတ်ထားခဲ့သူက နဂိုတည်းက အဆိပ်သင့်နေခဲ့တာ...။ ခု အဆိပ်တွေက မောင့်ဆီကိုပါ ကူးစက်သွားခဲ့ပြီ။. ဒါကြောင့် အသက်ကိုပေးဆပ်ခွင့်ပြုပါ မောင်။.ဒါပြီးရင်အသက်တို့ရဲ့ အဆိပ်သင့်နေတဲ့ ကမ္ဘာကို အချစ်တွေနဲ့ ပြန်ပြီးသန့်စင်ကြတာပေါ့ မောင်ရယ်။

အရိုင်းအစိုင်း (complete)Where stories live. Discover now