အပိုင်း 13

2.5K 56 3
                                    

နောက်နေ့တွင်တော့ စေတမာန် သူ့၏အမေကို အကြောင်းစုံပြောပြရင်း...တီချယ်နဲ့အတူ သူဝယ်ထားတဲ့ ခြံလေးထဲ သွားနေရန် ပြောလိုက်တော့..စေတမာန့်အမေကလည်း..ခွင့်ပြုသည်။...သို့သော်...ပြဿနာ နောက်တစ်ခုကတော့ စေတမာန်တို့ ပြောနေတာကို နားထောင်နေသော..တစ်စုံတစ်ယောက်ပင်။.

ဪ ဒင်း တိူ့က ဒီလိုကိုး။..ငါ့သူငယ်ချင်း မင်းနိုင်ကို အကြောင်းကြားရမယ်.။

ဝူဝူဝူဝူဝူ...(ဖုန်းမြည်သံ)(vibration သံ)
ဟယ်လို...ရာဇာ ပြော
အေး..မင်းနိုင်...ငါ မင်းကို ပြောစရာရှိတယ်..။ဒါပေမယ့် ဒီမှာ ဖုန်းနဲ့ ပြောလို့ မဖြစ်ဘူး။..&*^%$# ကို လာခဲ့။...

ကောင်းပြီ။ငါချက်ချင်း ထွက်ခဲ့ပြီ။

ထို့နောက် အယုတ်တမာ နှစ်ကောင် အရက်ဆိုင် တစ်ဆိုင်တွင် ထိုင်ရင်း........

တောက်ခ်..ဒီကောင်မက ငါအလျော့ပေးထားတာကို ရောင့်တက်တာပေါ့..ဟုတ်လား။..ငါက သူ အဆင်မပြေသေးဘူးထင်ပြီး..မနေ့က အိမ်ပြောင်းမလာတာကို ခွင့်လွှတ်ပေးထားတာကို..ဒီကောင်မက အပြားချင်း ရိူက်ဖို့ကြံနေတယ်ပေါ့..တောက်ခ်...ငါ့လိုကောင်ကို ကျော်ပြီး ဘာမဟုတ်တဲ့ ကောင်မလေးကို ရွေးသွားတယ်..ဟုတ်လား။

ဟေ့ကောင် မင်းဘယ်လိုလုပ်မှာလဲ။..ဒီတစ်ခေါက် ရှင်းရင်တော့ မသေမရှင် မလုပ်နဲ့နော်...တစ်ခါတည်းအပြတ်ရှင်းလိုက်တော့။..ဟိုတစ်ခေါက်တုန်းက​တော့ သက်သေမရှိလို့ လွတ်သွားတာ...ဒီတစ်ခေါက် မသေမရှင် ဆိုရင် အဖမ်းခံရနိုင်တယ်။..

ဘာ... ဖမ်းမယ်...ဟားးဟားးဟားးဟားးငါဆိုတဲ့ မင်းနိုင်ကို ဖမ်းရဲတဲ့ကောင် ဒီနိုင်ငံမှာ ရဲမဖြစ်သေးဘူးကွ။..

အယ့်တာတော့ အယ့်တာပေါ့..။ဒါပေမယ့် ငါမင်းကို သတိကပ်ရအောင် ပြောတာပါကွာ။

ok ပါတယ်ကွာ။...ဒါနဲ့ ပြောပါဦး ။မင်းရဲ့မယားပါသမီးလေးကို ဘာလို့ အယ့်လောက်မုန်းနေရတာလဲ။..

မင်းသိတဲ့အတိုင်းပဲ။..ငါ ဒေါ် ခင်မြတ်မေ ကို လက်ထပ်တယ် ဆိုတာ သူ့ပိုင်ဆိုင်မှူတွေ ကြောင့်ပဲ။..ခု အယ််မိန်းမက သူ့ပိုင်ဆိုင်မှုတွေ အကုန် သူ့သမီးကိုပဲ လွှဲပေးထားတာ။အယ့်တော့...အယ့်ကောင်မသေမှ ငါ့မိန်းမကို ချော့မြူရင်း အမွေတွေကို ငါ့လက်ထဲ ရောက်လာအောင် ဖန်လို့ရမှာကွ။..အယ့် စေတမာန်ဆိုတဲ့ ကောင်မ မသေမချင်း ငါ့ရည်ရွယ်ချက် အောင်မြင်မှာမဟုတ်ဘူး။...

အရိုင်းအစိုင်း (complete)Where stories live. Discover now