အပိုင်း ၂၃

2.4K 73 3
                                    

နု အသံတစ်သံကြားလိုက်သောကြောင့်...အားကိုးတကြီးနှင့် နောက်တစ်ခေါက် ထပ်အော်လိုက်သည်..။ကယ် ပါဦး..။

မီးလောင်လျှင် ထိုလူယုတ်မာရဲ့ အကြံပျက်သွားမည်ဟု ခန့်မှန်းကာ စေတမာန် တမင်တကာမီးရှို့ခဲ့ခြင်းပင်....။

ရှို့ပြီးအနည်းငယ်အကြာ..ထိုလူထွက်လာပြီအထင်နှင့် အခန်းရှေ့သွားတော့..မှန်းချက်နှင့်နှမ်းထွက်မှာ မကိုက်သည့်အပြင်....လုပ်ပြီးကာမှ သူ့တီချယ်နှင့် သားသားပါ အိမ်​ထဲရှိနေသည်ကိုသတိရသွားသော်လည်း..နောက်ကျသွားချေပြီ...။ မီးကို သေးသေးလေး ရှို့ခဲ့သော်လည်း..ဘယ်ကနေ ဘယ်လိုကြီးသွားမှန်းမသိ...။တစ်အိမ်လုံးပြန့်နေပေသည်။...

ထို့နောက် အခန်းကို ဖျက်ဝင်သောအခါ...တီချယ့်အပေါ်ကို အုပ်မိုးထားသော လူယုတ်မာ...မူးနေသောကြောင့် ဘာကိုမှ သိပ်မသိပေ။..ထို့ကြောင့်...မောင်လည်း...တွန်းကာ..နှစ်ချက် လောက်ထိုးပြီး တီချယ့် ကိုခေါ်လာခဲ့သည်။ ထိုလူကတော့ မှောက်လျက်သား။.

ထို့နောက် သားသားကို သွားခေါ်ကာ..နှစ်ယောက်စလုံးကို ခေါ်၍ အိမ်အပြင်သို့ ထွက်လာလိုက်သည်။...အိမ်ထဲတွင်တော့...ရုတ်ရုတ်သည်းသည်းဖြင့် မီးငြှိမ်းနေ ကြလေသည်။
မီးသတ်ကားများခေါ်ပြီးနောက် မီးမှာ ငြိမ်းသွားသည်။...သို့သော်...........အိမ်ထဲတွင်ရှိသော..အစောင့်တော်တော်များများ မီးကျွမ်းကုန်ပြီ။.

.ဒါနဲ့ပဲ တန်တယ်။...စိတ်ထဲကပင် ပြုံးလိုက်သည်။...

မီးကသေးသေးလေးမှ အကုန်ပြာကျလုနီးပါး..ဖြစ်သွားသောကြောင့်...အိမ်ပိုင်ရှင် ဦးမင်းနိုင်...ကို လိုက်ရှာသော်လည်း..............

မောင် အယ့်လောက်ထိ မရည်ရွယ်ခဲ့ပေ။...သို့သော်.....ဦးမင်းနိုင်.၏ ရုပ်အလောင်း....
သေ သွားလည်း ကောင်းတာပဲလေ...ပြီးသွားတာပေါ့....မောင် အယ့်လိုသာ ယူဆ လိုက်သည်။....တစ်ရန်ရှင်းသွားပြီ......

တီချယ့်ကို ကြည့်လိုက်တော့....တော်တော်ကြောက်နေသောကြောင့်....ဖက်ထားပေးလိုက်သည်။...မီးလောင်မှုကိုတော့ ဆက်မစုံစမ်းစေတော့ပဲ....ငွေပေး၍သာ...အမှုပိတ်လိုက်သည်။...မောင့်ရဲ့မရည်ရွယ်ထားသော...စနက်များ.။...မထင်မှတ်ပဲ ဖြစ်သွားသော်ငြား...အားလုံးအတွက် တစ်ရန်ကင်းသွားလေသည်။

အရိုင်းအစိုင်း (complete)Where stories live. Discover now