အပိုင်း ၁၀

2.8K 67 4
                                    

စေတမာန်........စေတမာန်..........စေတမာန်.......သမီးလေး....အရာအားလူံး မြူမှုန် အတိဖြစ်နေသည်။ ထိုကြားထဲမှ ခေါ်သံ ယဲ့ယဲ့လေးတစ်ခု.....
ပါးပါး....ပါးပါး...လား...
သမီး ...သမီး အတွက် အချိန်မတန်သေးဘူး...သမီး ကိုချစ်တဲ့သူတွေ သမီးကိုစောင့်နေသေးတယ်....သမီး ချစ်တဲ့သူအတွက်လည်း သမီး လုပ်ပေးရမှာတွေ ရှိသေးတယ်...ပြန်ပါတော့ သမီး....သမီးကို ပါးပါး ချစ်တယ်...သမီး မေမေကိုရော ပါးပါးချစ်နေဆဲပါ။...
ပါးပါး!!!!!!....ပါးပါး.!!!!!
ဟင်....သမီး သမီးလေး သတိရလာပြီ....ဆရာ..ဆရာ့ကို သွားခေါ် ။ကို ဆရာ့ကိုသွားခေါ်ပေးပါ။
ဟုတ်ပါပြီ မေရယ်...ခနလေးနော်
မကြာခင် ဆရာရောက်လာတော့....လူနာကစိုးရိမ်စရာ မရှိတော့ပါဘူး...တော်တော့ကံကောင်းတယ်လို့ပြောရမယ်။...နောက်သတိထားပါ။...
စေတမာန် နိုးလာမှ ထွက်ဆိုချက်တွေကို သေချာယူကာ တရားခံကို စုံစမ်းရသည်။..
------------------------------------
နု အိမ်ပြန်ရောက်တော့...နု အတွေးတွေ ချာချာလည်နေပြီ...နု ချစ်တဲ့သူတွေကို မဆုံးရှုံးချင်ပေ.။အထူးသဖြင့် သားသား။ထိုသူက နုကိုရဖို့ ဘာမဆို လုပ်ရဲတဲ့သူ...။နု ဆုံးဖြတ်ချက် ချရန် ဝန်လေးနေသည်။...နှစ်ခုကြားရွေးရမည်။....သူမဘဝ နှင့် သားသားဘဝ။ ပြီးတော့ စေတမာန်..........
စေတမာန်ကို ငါချစ်မိသွားတာလား....မဖြစ်နိုင်တာ...ဘာလို့လဲ....မိန်းကလေးတစ်ယောက်၊ပြီးတော့ ကိုယ့်ထက် အသက်များကြီး ငယ်တဲ့ကောင်မလေး....ပြီး​တော့ ကိုယ့်ကို rape လုပ်ပြီး ရိုင်းစိုင်းခဲ့တဲ့ ကောင်မလေး.....အယ့်ကလေးမကို ငါက ငါက ဘာလို့ချစ်မိသွားရမှာလဲ။ သူ ဆေးရုံမှာ တုန်းက ငါ့ရင်ဘတ်တွေ ဘာလို့....ဘာလို့ နာနေရတာလဲ..။ငါ့ကြောင့် ဖြစ်တာမို့လို့ သနားနေတာလား။
ကလေးမရယ်....တို့ကိုချစ်ရင် မင်းနာကျင်ရလိမ့်မယ်ကွယ်.။....တို့ချစ်တဲ့သူတွေကို တို့ကြောင့် မနာကျင်စေချင်ဘူး။...တို့က ပေးဆပ်ဖို့သက်သက်နဲ့ လူဖြစ်လာခဲ့တာပါ.။ မင်းရဲ့ နုနယ်တဲ့ဘဝလေးကို တိူ့အတွက်နဲ့....မင်းရဲ့တက်လမ်းရှိတဲ့ဘဝလေးကို မပျက်စီးစေချင်ဘူး။......တို့ မင်းကို ချစ်မိပြီထင်ပါတယ် ကလေးမလေးရယ်။...ဒါပေမယ့် တို့ နှလုံးသားကို သေချာအောင် လုပ်ရမယ်..။မင်းမြန်မြန် သတိရပါနော်။...ထိုသိူ့အတွေးနယ်လွန်ချိန်တွင်.........
မေမေ....ဘာတွေ တွေးနေတာလဲ။....မေမေ့ဖုန်း မြည်နေတယ်လေ..။သားသားတောင် ကြားတယ်။
ဪ..ဟုတ်ပါ့ သားသားရယ်..။ကျေးဇူးပါရှင်။
ဟယ်လို....
ဟယ်လို..ဆရာမ
ဪ ညီမလေး ပြောလေ...စေတမာန့်အခြေအနေလေးဘယ်လိုရှိလဲ..သူသတိရပြီလား။.....
ဟုတ်တယ်...ဆရာမ.... ညီမ အယ့်တာပြောမလို့ စေတမာန် သတိရလာပြီ။...မနက်ဖြန်ဆို ဆေးရုံက ဆင်းတော့မယ်တဲ့။....
ဟုတ်ပါပြီ.....ဝမ်းသာစရာ သတင်းပါပဲ။..မနက် ကျမကျောင်းဆင်းရင် လာကြည့်ပါဦးမယ်..။အိမ်ကိုပဲ လာတော့မယ်နော်.။..

အရိုင်းအစိုင်း (complete)Where stories live. Discover now