ဇာတ်သိမ်းပိုင်း...

2.8K 74 14
                                    

ဒိုင်း ဒိုင်း...
ဒိုင်း ဒိုင်း...

အသက်!!!!!!!!!!!!!!!
အ့.......နု ရဲ့ ကျောဘက်က သွေးများကျလာလေပြီ.....အမှန်တော့.. သေနတ် ရဲ့ ဦးတည်ရာက သားသား ဆီ...သို့သော်...သားသားကို သိုင်းဖက်ထားသောကြောင့်...နုရဲ့ နောက်ကျောကို ထိသွားခဲ့သည်။....

နောက် နှစ်ချက်ကတော့.....ရဲများက ပစ်လိုက်သော...အသံ...

အားးး ဟုဆိုကာ...သေနတ်လွတ်ကျသွားသော်ငြား.....ခင့်ကို မလွှတ်ပေးသေပေ။...

ခင်များ ဓားစာခံ ကို ခုလွှတ်လိုက်ပါ....မဟုတ်ရက် ခင်များကို ထပ်ပစ်ရလိမ့်မယ်....

ခင်လည်း သူဒဏ်ရာရ အငိုက်မိနေချိန်......သူ့ကို တွန်း၍...သူနဲ့ဝေးရာ ပြေးလိုက်မိသည်။..ထိုအခါ...ဟိုကောင်လေးက ခင့်လက်ကို အပြေးလေး ဆွဲရင်း.......သူ့ရင်ခွင်ထဲ တင်းကြပ်စွာ ဖက်ထားလေသည်။....ရဲများက ရာဇာ့ကို အမှုပေါင်းများစွာဖြင့်ဖမ်းပြီးခေါ်သွားခဲ့သည်။....

ထိုအချိန်အတွင်း...ဆောက်တည်ရာ မရသူကတော့....

ဟင့်အင်း...အသက်...အသက်...အားတင်းထား...မောင် အခု ဆေးရုံပို့မယ်....ဘာမှမဖြစ်ဘူးနော်.....

ဆေးရုံသို့ရောက်သော်.....

emergency operation လုပ်ရပါ့မယ်....လူနာက သွေးထွက် လွန်ထားတယ်....သွေးသွင်းဖို့လိုပါလိမ့်မယ်....သွေးအမျိုးအစားက AB positive ပါ...

စေတမာန်...ငါ AB positive ငါ ပေးမယ်....
ဆရာ....ကျတော်ဆီက ယူပါ...ကျတော်နဲ့ အမျိုးအစားတူပါတယ်....

ဟုတ်ကဲ့ ဒါဆို လိုက်ခဲ့ပါ....

operation room တွင် အချိန်အတော်ကြာ...ခွဲ စိတ်ပြီးနောက်....

လူနာရှင် ရှိလားဗျ....

ဟုတ်ကဲ့ ကျမပါ...

လူနာက အောင်မြင်ဖို့ ရာခိုင်နှုန်း...တစ်ဝက် တစ်ဝက်ပဲ.....ဒါ့ကြောင့် လက်မှတ်ထိုးပေးဖို့ လိုပါတယ်....

ဟင်....ကျမ မထိုးပေးနိုင်ဘူး....ခင်များတို့ မအောင်မြင်ရင်ရော...ကျမ ရဲ့ ကျမရဲ့......အဟင်းးဟင့်...

သမီး...ထိုးပေးလိုက်ပါ...အချိန်ထပ်ဆွဲလို့ ဆရာမ တစ်ခုခု ဖြစ်ရင် သမီး ပို ရင်ကွဲ ရလိမ့်မယ်...

အရိုင်းအစိုင်း (complete)Where stories live. Discover now