အချစ်ကိုရှာဖွေခြင်း
မှုခင်းဆိုင်ရာစိတ်ပညာရှင်တစ်ဦးဖြစ်ပြီး အသက် နှစ်ဆယ့်ခုနှစ်နှစ်ထိတိုင် တစ်ကိုယ်တည်း တောက်ပနေတဲ့ စုရှောင်ဖိန်းဟာ တစ်နေ့မှာတော့ ကံကြမ္မာနတ်ဘုရား ယွဲ့လောင်ရဲ့ သတင်းပေးမှုကြီးတစ်ခုကို ရရှိခဲ့ပါတယ်။ဒါကတော့ သူမရဲ့ ဖူးစာရှင်ဖြစ်လာမဲ့လူက ကားအက်ဆီးဒင့်နဲ့ ဆေးရုံတက်နေရပြီး သူ့ရဲ့ဝိညာဉ်က တခြားကမ္ဘာတစ်ခုစီ ပို့ခံရတော့မှာတဲ့။ဒါပေမဲ့လည်း သူမတို့နှစ်ဦးကြားက ကြိုးနီလေးတွေက တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတာမို့ တကယ်လို့ အဆိုပါ ကြိုးလေးတွေသာ ပြတ်တောက်ခဲ့ရင် သူမတို့ချစ်သူနှစ်ဦးက သုံးဘ၀တိုင်တိုင် အချစ်မဲ့တဲ့ဘ၀နဲ့ နေထိုင်ရတော့မှာတဲ့လေ။ဒီလိုနဲ့ပဲ စုရှောင်ဖိန်းတစ်ယောက် ဘယ်စီဘယ်ဌာနီကမှန်းမသိတဲ့ ဖူးစာရှင်ကို မူလကမ္ဘာစီကို ပြန်ခေါ်ဖို့ ဖြစ်လာပါတော့တယ်။
ဒါပေမဲ့ သူမရဲ့ဖူးစာရှင်က ဘယ်လိုပုံစံမျိုးလဲသိလားဆိုပြီး မေးလာရင် သူမ မသိ။
သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေ သိလားဆိုတော့လည်း သူမ မသိပြန်ဘူး။
ဟော ဒါဆို သူ ဘာအလုပ်လုပ်လဲသိလားဆိုပြန်တော့လည်း အင်း မသိပြန်ဘူးပဲ။
ဒါဆို သူ့ကို မကယ်ပဲ နေလိုက်ရမလားဆိုတော့လည်း မဖြစ်သေးပြန်ဘူး။
ဒီလိုနဲ့ပဲ လက်တွေ့ဒသနတွေကိုသာ ယုံကြည်လေ့ရှိတဲ့ စုရှောင်ဖိန်းတစ်ယောက် ဘယ်ကမှန်းမသိသေးတဲ့ ဖူးစာရှင်ကြောင့်ယုံကြည်တာတွေနဲ့ သွေဖည်ရာ ဆန့်ကျင်ဘက်လမ်းခရီးကို စတင်လိုက်ရပါတော့တယ်
🍀🍀🍀🍀🍀🍀🍀
