"ဒါက ဘာလုပ်တာလဲ အိမ်တော်ထိန်းChoi"
meetingအပြီးတွင် သူကHwayoungနှင့်တွေ့ဆုံရန် မြို့တော်အတွင်းမှ villiaသို့ လာခဲ့ပြီး သူ့အနောက်မှ ကားတစ်စီးက တောက်လျှောက်လိုက်ပါနေခဲ့ပါ၏။
Hoseokက လမ်းလွှဲကာမောင်းသော်လည်း ထိုကားက ထပ်၍လိုက်ပါလာသည်မို့ ကားကိုတရှိန်ထိုးပြန်လှည့်လိုက်ကာ ထိုကားရှေ့မှ ပိတ်ရပ်လိုက်ပြီးနောက် ထိုးကားမှန်အားရိုက်ခွဲချလိုက်သည်။ ထို့နောက် Hoseokအတော်ကို အံ့အားသင့်သွားရသည်။
ကားမောင်းသူက အိမ်တော်ထိန်းChoiပင်ဖြစ်နေခြင်း။"Mr.Jungက ဘယ်ကိုသွားနေတာပါလဲ"
"ဒါခင်ဗျားနဲ့ဘာဆိုင်တာမလို့လဲ"
"အခုMrs.Hwayoungနဲ့ပူးပေါင်းပြီး သခင်လေးjeonကို သစ္စာဖောက်ဖို့ကြံစည်နေတာ ကျွန်တော်မသိဘူးထင်နေလား Mr.Jung အဲဒါမို့ ခင်ဗျားရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ပေးမလို့လေ"
"ဟားးး အသက်ကြီးပြီးအချိန်မစီးဘူးပဲ အိမ်တော်ထိန်းChoi ကိုယ့်နေရာကိုယ်သိသင့်တယ် မထင်ဘူးလား"
Hoseokက သူ့ necktieကို ဖြေလျော့လိုက်ရင်း ဆံပင်များကိုကြမ်းတမ်းစွာ စိတ်မရှည်ဟန်ဖြင့် ထိုးဖွလိုက်၏။
"သိတာပေါ့ ကျွန်တော့်နေရာကို ကောင်းကောင်းသိလို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ Mr.Jung Jeonအိမ်တော်နဲ့ Jeonသခင်လေးကို ကာကွယ်ဖို့ ကျွန်တော့်မှာတာဝန်ရှိပါတယ်"
"အဲ့သောက်ရေးမပါတဲ့ Jeon Groupကို ကျုပ်ကမက်မနေဘူး အဲဒါမို့ခင်ဗျားရဲ့သောက်ကြောင်းမဲ့ စိုးရိမ်မှုတွေကို ရပ်တန်းကရပ်ပြီး ကျုပ်နောက်ကိုလိုက်stalkမနေနဲ့တော့ ဒါပထမဆုံးနဲ့နောက်ဆုံးသတိပေးခြင်းပဲ နောက်တစ်ခါဆိုတာ Jung hosekလက်မခံဘူးနော် အဲဒီအခါ ခင်ဗျားကိုဘာလုပ်မိမယ်မှန်းမသိဘူး"
Hoseokက စိတ်မကြည်စွာဖြင့် အိမ်တော်ထိန်းChoiအပေါ် မချေမငံဆက်ဆံခဲ့မိပါ၏။
ဘက်ပေါင်းစုံကနေ Stalkခံနေရတဲ့ သူအတွက် အရမ်းကို မွန်းကျပ်ရသည့်အထဲ အိမ်တော်Choiကပါ ယခုလိုလုပ်ခြင်းအပေါ် Hoseokသည်းမခံနိုင်ဖြစ်ရသည်။
Hoseokရဲ့သည်းခံနိုင်စွမ်းတွေက အားလုံးအပေါ် သုညအထိကျဆင်းသွားခဲ့ပြီ။
ဒီအတောအတွင်း သည်းခံခဲ့သမျှကလည်း Hoseokက ပြဿနာအကြီးအကျယ်မဖြစ်ချင်တာကြောင့်ပါပဲ။
အရင်စိတ်နဲ့ Hoseokရဲ့ ကြောက်မက်ဖွယ်ဒေါသကို မြင်ချင်သော သူတွေအတွက် သူကလည်းပြသပေးရတာပေါ့။
ဟုတ်တယ်။အခုကစပြီး Jung Hoseokရဲ့သည်းခံနိုင်စွမ်းဆိုတာ ဘာမှမရှိတော့ဘူး။

YOU ARE READING
Innocence But Devil [Hiatus]
Fiksi Penggemarလေပွေရိုင်းလေး မင်းက ငါ့အသဲနှလုံးကို တစ်စစီ ခြေမွှပစ်မဲ့ လေပွေရိုင်းလေး