N3 ဖြေရမှာမလို့ကုန်းရုန်းလုပ်နေတာရှင်တို့ရယ်။
တခြားဟာတွေနားထားပေမယ့် ခြည်ခြည် team ကလူများတော့အားနာတာနဲ့မရပ်ဘဲဆက်ရေးဖို့ကြိုးစားနေပါတယ်။Update ရက်မမှန်တာလေးတော့ခွင့်လွှတ်ပေးကြပါ။ တစ်ပတ် နှစ်ပိုင်းကတော့သေချာပါတယ်။
အိုင်က Note ထဲမှာရေးတဲ့သူမလို့ ခြည်ခြည်တို့ကို Note မှာ စာမျက်နှာ ၃၅ မျက်နှာ တိတိရေးပါတယ်။
ဒါကအိုင်ရေးနိုင်တဲ့ မိုင်ကုန်ပါပဲ။ရှေ့က Fic တွေဆိုရင် ၁၇-၁၈ မျက်နှာလောက်တွေပါပဲ။ဒါကြောင့်မလို့ တိုတယ်မထင်ကြပါနဲ့။တစ်ပိုင်းချင်းစီကတခြားနဲ့ယှဥ်ရင်တိုပေမယ့် အပိုင်းအရေအတွက်ကတော့များပါလိမ့်မယ်။ဒါကိုကအိုင့်စတိုင်ပါ။လူဟောင်းတွေကသိပေမယ့် လူသစ်တွေကမသိကြမှာမလို့ရှင်းပြပေးပါတာရှင်။
အပိုင်းမှာပါတာလေးကိုဖတ်ကြည့်ပါ။ ARTER REBIRTH ဆိုပြီးပါ ပါတယ်။BEFORE REBIRTH ဆိုပြီးထပ်ပါ ပါမှာမလို့ပါ။အပိုင်းရှည်ရေးရမှာပါ။ ခြည်ခြည်တို့က ပျမ်းမျှ အပိုင်း၆၀အထိသွားပါလိမ့်မယ်။ခန့်မှန်းချေပေါ့နော်။
အခုလည်း ရေးနေပါတယ်။စာမျက်နှာ ၁၅ လောက်တော့ရောက်ပါပြီ။ညဆိုတင်ပေးပါ့မယ်။
နောက်ဆုံးတစ်ချက်။အိုင့်ကိုဆိုးတယ်ပဲဆိုဆို အိုင့် Target လေးတစ်ခုရှိပါတယ်။ တစ်ပိုင်းချင်းစီအတွက်ထားလိုက်တာမျိုးပါ။ဥပမာ တစ်ပိုင်းက Vote 300 ရနေကျကိုမှ အခုတစ်ကြိမ်မှာ အဲ့အောက်လျော့သွားမယ်ဆိုရင် အိုင့်အရေးအသားကများလိုအပ်ချက်ရှိတာလား၊ စာဖတ်သူတို့ကပဲ မအားကြတာလားဆိုပြီး စောင့်နေတတ်ပါတယ်။
Vote & Comment ပေးဖို့မမေ့ကြပါနဲ့ရှင်။
အိုင်လည်း စာမွဲရှိပေမယ့် ယူတို့ကိုအားနာလွန်းလို့ကုန်းရုန်းရေးပေးနေတာပါ။တစ်ကယ်ဆို အိုင်ကစာပဲရေးတတ်တာပါ။ဉာဏ်မကောင်းတော့ N3 ဂျပန်စာလည်း မနည်းရုန်းကန်နေရပါတယ်။မဖြစ်မနေမလို့သာ ပြည်ပထွက်ကိုထွက်ရမှာမလို့ ကြိုးစားနေရတာပါ။
စာရေးရင်တောင် မေ့မှာဆိုးလို့ ဇာတ်ကောင် နာမည်၊ မိသားစု၊ အလုပ်အကိုင်၊ အရံဇာတ်ဆောင် စသည်ဖြင့် Note သပ်သပ်နဲ့ ချရေးရပါတယ်။
အိုင်ဇာတ်နာပြတယ်လို့ထင်ရင်လည်းဟုတ်ပါတယ်ရှင်လို့။အိုင်က၀တ္ထုရေးရင် တစ်နှစ်မှာတစ်ပုဒ်ပဲပြီးတဲ့သူမျိုးပါ။
အိုင့်ကိုသည်းခံပြီး အိုင့်သားတွေကို ချစ်ပေးလို့လည်း အများကြီးကျေးဇူးတင်ပါတယ်။
Btw 50K Views အတွက်လည်းရှဲရှဲပါကွယ်...ခိခိ...။
အိုက်နီ မိုင်ဖုတွေ💋💞
မိုင်
၆.၇.၂၀၂၄
YOU ARE READING
သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်
Romance🎶" If you break my heart , I'll go date your father. You gonna be my son, You go call me your mother"🎶 အမျိုးအစား - Rebirth, Revenge, Male-Preg, Comedy