AFTER REBIRTH [ EPISODE 10 ]

6.8K 542 39
                                    

Unicode

ခြည် နဲ့ နူးညံ့တို့ကျောင်းရောက်တော့ နည်းနည်းစောသေးတာမလို့ လူတောင်သိပ်မရှိသေး။အတန်းတွေကတော့ မနက်အစောတည်းကဖွင့်ထားသည်မို့ ခြည်တို့ အခန်းကိုပဲတိုက်ရိုက်သွားဖို့ဆုံးဖြတ်လိုက်ကြသည်။

"မနေ့ကလုပ်တဲ့တရားခံကို ခန့်မှန်းမိလား ခြည်ခြည်"

"အင်း နည်းနည်းတော့ ခန့်မှန်းမိတယ်"

နူးညံ့လမ်းလျှောက်ရင်းနဲ့ တစ်ဖက်ကသူငယ်ချင်းဖြစ်သူကို အကဲခတ်လိုက်သည်။ခြည်ခြည်မျက်နှာပျက်မသွားတာမြင်မှ စကားကိုဆက်လိုက်သည်။

"ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါက နိုရာမျဉ်းပြိုင် လုပ်တာပဲ ဖြစ်ရမယ်၊သူကမင်းကို အမြဲတမ်း နောက်ကွယ်က‌နေဆွဲချဖို့ချောင်းနေတာ၊ဘုန်းကြီးကျောင်းမှာ မင်းနဲ့ရန်ညှိုးရှိတဲ့သူက သူ့အပြင်တစ်ခြားမှမရှိတာလေ ဟုတ်တယ်မဟုတ်လား"

"အတိအကျပဲ၊ သူကလွဲပြီး တခြားမစဉ်းစားမိဘူး၊ဒါပေမယ့် ထူးဆန်းတာက သူငါ့ကိုဖုန်းမဆက်ဘူး"

နိုရာမျဉ်းပြိုင်ရဲ့သဘောထားက တစ်ခုခုလုပ်ရင်စိတ်ရှည်ပြီး အကွက်သေချာ ချပြီးမှသူများကိုဒုက္ခပေးတတ်တာ။အဲ့တာတောင်မှ ချွတ်ချော်သွားရင်လည်း သူကတောင်းပန်ဖို့၀န်မလေးဘူး၊စိတ်ထဲမပါပေမယ်လို့ပေါ့။ သူကခြည်နဲ့နူးညံ့ကို သူ့ရဲ့နယ်ရုပ်လေးတွေလိုသ‌ဘောထားပြီးချုပ်ကိုင်ချင်ခဲ့တာ သူမှတ်မိပါသေးတယ်။အခုလိုသူ ခြည့်ကိုဒုက္ခပေးတာသာ ပေါ်သွားမှန်း သူသိကြည့်၊ ခြည့်ကို ဖုန်းဆက်၊ မျက်ရည်ခံထိုးပြီး သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ထည့်ပြီးခွင့်လွှတ်ပေးလိုက်ရမှာ။

ဒါပေမယ့် အဲ့ဒါက အရင်ညီညာရိုးခြည်အပေါ်မှာပဲသုံးလို့ရမယ့်အကွက်ဖြစ်တယ်။လက်ရှိပြန်လည်မွေးဖွားလာတဲ့ညီညာရိုးခြည်ကို တစ်စက်ကလေးတောင် မှ လှည့်ဖျားလို့ရမယ်မထင်နဲ့။နောက်ပြီးဒါကခွင့်လွှတ်လို့ရမယ့်ကိစ္စလည်းမဟုတ်ဘူး။

အတိတ်မှာသူ့ကိုသတ်ခဲ့တာနဲ့တောင်အားမရလို့အခုဘ၀မှာပါ အစောကြီးကတည်းက ရှင်းပစ်ဖို့မစောင့်နိုင်တော့ဘူးပေါ့လေ။

သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်Where stories live. Discover now