AFTER REBIRTH [ EPISODE 17 ]

2.9K 264 52
                                    

Unicode

လိုင်းပေါ်ကထောက်ခံချက်လောက်နဲ့ နိုရာမျဉ်းပြိုင်ကိုထောင်ထဲထည့်လို့မရသလို သက်သေအစုံအလင်ပြနိုင်ရုံနဲ့လည်း လူထုရဲ့ညီညာရိုးခြည်အပေါ်အမြင်ကို ပြောင်းလဲနိုင်မှာမဟုတ်ပေ။ယခုတော့ဖြင့် ညီညာရိုးခြည်နှင့် နိုရာမျဉ်းပြိုင် အမှုအပေါ် လူထုအမြင်ကပြောင်းပြန်လှန်လိုက်သကဲ့သို့ဖြစ်သွားပြီမို့ အမှုက တော်ရုံကျော်ခွပေးလို့ရမည့်အနေအထားမဟုတ်တော့ပေ။ထို့အပြင် ညီညာရိုးခြည်၏ဘက်က ဥပဒေချုပ်ရုံးနဲ့ အရာရှိဟောင်းအချို့က
ပါဝင်ကာ အလေးသာနေပြီဖြစ်တာမလို့ နိုရာမျဉ်းပြိုင်တစ်ယောက် အချုပ်ထဲပြန်ရောက်သွားခဲ့သည်။

အမှုကြားနာစစ်ဆေးဖို့က သုံးရက်အတွင်းဖြစ်သည်။လူသတ်ရန်ကြံစည်မှုက နိုင်ငံဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ငါးနှစ်မှဆယ်နှစ်အထိကျခံရမည်ဖြစ်သည်။ ဦးသန်းနိုင်စိုးအနေနဲ့ သားဖြစ်သူရဲ့ တရားခွင်ကိုအာဏာနဲ့၀င်စွက်ဖက်မယ်ဆိုပါကသေချာပေါက်  ဆုံးရှုံးမှုကြီးမားလိမ့်မည်။အစိုးရကအာဏာတည်ဆောက်ဆဲကာလတွင် အားပြိုင်မှုများကရှိနေဆဲ၊ ဟာကွက်တွေ့သည်နှင့် ထိုးချဖို့ ချောင်းနေကြသည့် အနှီလူကြီးမင်းများအကြား ပြည်ထဲရေး၀န်ကြီးဟူသောနေရာသည် မက်လောက်စရာ နေရာတစ်ခုဖြစ်နေခဲ့၏။

ထောင်ဒဏ်ကိုပဲ လျှော့ပေါ့စေမလား။ငွေဒဏ်ကြီးကြီးမားမားပဲကျခံ‌စေမလားကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကသာ အရေးကြီးဆုံးဖြစ်သည်။နိုရာမျဉ်းပြိုင် အမှုမှ ကွင်းလုံးကျွတ်လွတ်ဖို့ရန်ကတော့ လုံး၀မဖြစ်နိုင်ဟု ဒေါ်ဝင်းမီမီစန်းက အသေအချာအာမခံသည်။

"သူ့ရာထူးနဲ့အာဏာကို ဒီအမှုနဲ့လဲဖို့ရွေးချယ်ခဲ့မယ်ဆိုရင်တော့အမှုကလွတ်မြောက်နိုင်တယ်၊အဲ့ဒါတောင် ၁၀၀% မဖြစ်နိုင်ဘူး၊ပြည်ထဲရေး နေရာကသိပ်ကိုအရေးပါတဲ့နေရာဖြစ်နေတော့ သူ့ယောက္ခမကလည်း သန်းနိုင်စိုးကို သဘောတူမှာမဟုတ်ဘူး"

"သမီးဖြစ်သူရဲ့ တစ်ဦးတည်းသောသားဆိုတော့ တစ်ကယ်လို့ အဲ့ဒီလိုအာဏာနဲ့လဲလှယ်ပြီးသဘောတူခဲ့မယ်ဆိုရင် သူတို့ တစ်မိသားစုလုံးအမြစ်ကနေတူးဆွခံရသလိုမျိုးအထိနာသွားတာမျိုးဖြစ်လိမ့်မယ်"

သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်Where stories live. Discover now