AFTER REBIRTH [ EPISODE 14 ]

2.9K 207 35
                                    

Unicode

"နေပါဦး ငါ့ရဲ့တစ်ဦးတည်းသောသား စတီဗင်ဟိန်းဟုတ်ပါတယ်နော်၊ ငါမွေးတုန်းကအဖြောင့်ကောင်ကြီးပါ"

"အမေကလည်းဗျာ၊ဘာလဲ အမေတို့ကသဘောမတူချင်ဘူးလား၊ကျွန်တော် ချာတိတ်ကိုတစ်ကယ်ကြိုက်တာဗျ"

စတီဗင်ဟိန်း နှဖူးကိုလက်ညှိုးနဲ့ကုတ်ခြစ်ကာ အရှက်ပြေချောင်းဟန့်လိုက်သည်။ဘ၀ရဲ့ထက်၀က်ခေါက်ချိုးရောက်ခါနီးကာမှ ချာတိတ်လေးတစ်ယောက်အတွက်နဲ့ ကွေးသွားရတာလွယ်တော့လွယ်မနေခဲ့ပါ။

"သဘောမတူတာတော့မဟုတ်ဘူးပေါ့ကွာ၊ မင်းဟာမင်း ယောကျာ်းလေးကိုပဲကြိုက်ကြိုက်၊ မိန်းကလေးကိုပဲ ကြိုက်ကြိုက် ဒါကမင်းရဲ့ လူ့အခွင့်အရေးပဲ၊ အမေတို့ မတားပါဘူးကွ၊ တစ်ဖက်ကလူကောင်းလေးဖြစ်ပြီး မင်းအပေါ်စိတ်နေသဘောထားပြည့်၀ရင်အဆင်ပြေတာပဲ၊စည်းစိမ်ဥစ္စာတွေဘာတွေဆိုတာလည်း မင်းမှာ ပြည့်စုံနေတာပဲကွာ ၊အဲ့ဒီတော့ လူရွေးမှန်ဖို့ကအဓိကပါပဲ။"

စတီဗင်ဟိန်း မာတာမိခင်ဖြစ်သူရဲ့ စကားကြောင့် နှုတ်ခမ်းထောင့်စွန်းတွေ အပေါ်ကိုကွေးတက်သွားအောင်ပြုံးလိုက်ပြီး ရှက်လွန်းလို့နီရဲနေတဲ့ မျက်နှာကြီးကလည်း ကြက်ပျောက်ငှက်ပျောက် ဘယ်မှာမှရှာမရ။

"ဒါပေမယ့် မင်းဟာကတစ်ဖက်သတ်ကြီးဖြစ်နေ‌တာဆိုးတာပဲ၊ အေးပေါ့လေ မင်းလို ဖအေအရွယ်ကြီးကို ဟိုကလက်တွဲဖော်ပါတနာအဖြစ်စဉ်းစားရောစဉ်းစားပါ့မလားကွ "

"အဖေလည်းအဲ့ဒါပြောချင်တာ ငါ့သားရ "

အမေဖြစ်သူကဖုန်းကနေပြောနေတုန်း ဖအေဖြစ်သူကပါ ဘေးကနေလှမ်းအော်လာသည်။ ဖအေအရွယ်ကြီးကို လက်တွဲဖော်အဖြစ်စဉ်းစားပါ့မလားတဲ့။သူမိဘနှစ်ပါးကိုအကူအညီတောင်းမိတာမှားပြီထင်ပါသည်။မိုတီမရတဲ့အပြင် ခက်ခက်ခဲခဲလက်ခံထားရတဲ့ အကွေးစိတ်ဓာတ် တက်ကြွမှုတွေတောင် အမေနဲ့အဖေရဲ့စကားမှာ အစအနမရှိအောက်ပျောက်ဆုံးသွားခဲ့ပြီ။

"ကျွန်တော်လည်း အလတ်ကြီးရှိသေးတယ်လေဗျ၊ကျွန်တော်ကတော့လိုချင်ရင်မရရအောင်ယူမှာပဲ"

"ဇွတ်တော့မလုပ်နဲ့နော် သားရေ၊ အချစ်ကလုပ်ယူလို့မရဘူးကွဲ့၊ မင်းဘက်က သေမလိုချစ်နေလည်းဟိုဘက်က ပြန်ပြီးတုံ့ပြန်နိုင်မယ့်အချစ်ရှိဦးမှ၊ ပစ္စည်းတွေအရာ၀တ္ထုတွေလို လိုချင်တိုင်းဇွတ်ယူလို့အဆင်မပြေဘူး၊ ရသွားရင်လည်း မင်းပျော်ရမှာမဟုတ်ဘူးနော်"

သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်Where stories live. Discover now