Unicode
"ငါ့သားကိုဘာကိစ္စ ဒီလိုနေရာကိုခေါ်လာရတာလဲ၊ မေးနေတာကိုဖြေကြလေ၊ နင်တို့ကသတ္တိတော်တော်ကောင်းနေကြတာပဲ !! "
ဒေါ်မျိုးမမရဲ့ ခပ်စွာစွာအသံက အမှတ်(၂)စခန်းအတွင်းစူးရှစွာထွက်ပေါ်လာပြီးနောက် ရဲမေအချို့က အကြည့်လွှဲသွားကြကာ သူမတို့နှင့် မဆိုင်သကဲ့သို့။အချို့ ရဲတပ်သားများကလည်း တစ်ခုခုကိုသိထားသည့်နှယ် သူတို့ရဲ့ ကိုယ်စီအလုပ်များကိုသာ အာရုံစိုက်ရင်း ဒေါ်မျိုးမမကို ပြန်မဖြေကြ။
နိုရာမျဉ်းပြိုင်ကိုခေါ်လာတဲ့အရာရှိကမူ ဒေါ်မျိုးမမကို မျက်မှောင်ကြုံ့ကာ ကြည့်ရင်း နိုရာမျဉ်းပြိုင်ကို သူ့ရုံးခန်းထဲ၀င်ဖို့လက်ပြလိုက်သည်။
"မာမီ !! "
"ဟဲ့ ငါ့သားကဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲလို့ နင့်ကိုမေးနေတယ်လေ"
"ကျွန်တော်တို့ ကိုနိုရာမျဉ်းပြိုင်ကို *လူသတ်ရန်ကြံစည်မှု၊ပြန်ပေးဆွဲမှု စတဲ့ပြစ်မှုတွေအတွက် သံသယရှိတဲ့အတွက် စစ်ဆေးမေးမြန်းရမှာပါ။မိသားစု၀င်တော်စပ်တယ်ဆိုတော့ တကူးတကကြီး ထပ် ဆက်သွယ်ဖို့မလိုတော့ တော်သေးတာပေါ့၊ အပြင်မှာ ခဏစောင့်ပေးပါ "
ရဲအရာရှိကပင် ဒေါ်မျိုးမမကို ဖြောင်းဖြလိုက်ပြီး အခန်းတံခါးကို ဂျိန်းခနဲပိတ်သွားခဲ့သည်။
"ဟဲ့ လူသတ်ရန်ကြံစည်မှုလို့ပြောရအောင် ငါတို့သားလေးက ဒီလောက်ကြင်နာတတ်တာ၊ လူသတ်တယ်ဆိုတာ ခွေးကိုသွားပြော ခွေးတောင်မယုံဘူး၊ အခုချက်ချင်း တံခါးကိုဖွင့်စမ်းလို့ငါပြောနေတယ်လေ !!"
"မဒမ် ဟိုလေ ခဏလောက်စောင့်ပြီးမှ ....."
ဖြောင်း !!
"နင့်ပါးစပ်ကိုပိတ်ထားစမ်း၊ နင်ပြောစရာမလိုဘူး၊ ငါမေးတာပဲဖြေ၊ အထဲကကောင်က ဘာရာထူးလဲ၊ ဘယ်ကလဲ "
သူမကိုလျှာ၀င်ရှည်နေတဲ့ မိန်းမကို စိတ်မထိန်းနိုင်ပဲ ပါးတစ်ချက်ဆော်မိသွားသည်။သို့ပေမယ့် ပြဿနာတော့မရှိပါ။ပခုံးပေါ်ဘာမှမရှိသည့် အတန်းအစားထဲကမလို့ ၀န်ကြီးကတော်တစ်ယောက်နဲ့ သာမန်ရဲမေ၊ ဘယ်သူကဘာပြောကြမလဲ။အပြောအဆိုမတတ်လို့ လူကြီးကဆုံးမပေးတယ်ပဲပေါ့။
YOU ARE READING
သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်
Romanceအမျိုးအစား - Rebirth,Revenge,Male-Preg, Comedy အဓိကဇာတ်ဆောင် - ဦးစတီဗင်ဟိန်း၊ညီညာရိုးခြည်