Unicode
"ဖေ ခြည်ခြည်သွားတာ နာရီ၀က်တောင်ရှိနေပြီ၊ဖုန်းလည်းမကိုင်ဘူး၊ သား အပြင်ဘက်မှာ သွားရှာကြည့်လိုက်ဦးမယ်၊ ခြည့်ကိုစိတ်ပူလို့"
"ဖေလည်းအဲ့ဒါတွေးနေတာ၊ဖုန်းလည်းဆက်လို့မရဘူးလား"
"စက်ပိတ်ထားပါသည်တဲ့၊ ခြည်ကပုံမှန်ဆိုရင်ခေါ်တာနဲ့ တန်းကိုင်ရင်ကိုင်၊ မအားလို့ မကိုင်ဖြစ်ရင်တောင် သားကို စာပို့ပြီး သူမအားကြောင်းပြောပြတတ်တယ်။ အခုက တစ်ခုခုဖြစ်နေတာ သေချာပါတယ်၊သား သွားကြည့်လိုက်ဦးမယ်နော်"
"ဖေပါလိုက်ခဲ့မယ် မစ်ကီ၊ "
"ဟန်နီလည်း လိုက်ခဲ့မယ် ကို၊ခြည်ခြည့်ကို ဟန်နီလည်း ဖုန်းဆက်ကြည့်တာ မကိုင်ဘူး၊ ကလေးလေးဘာတွေဖြစ်နေသလဲဆိုတာ စိတ်ပူတယ်"
"အင်း၊ အဲ့ဒါဆို ကိုတို့သုံးယောက်လုံး သွားကြတာပေါ့"
သားအမိ သားအဖ သုံးယောက်သား အသံတိတ်ကာ ကြိတ်ပြီး တိုင်ပင်နေကြခြင်း။
သဘောတူညီချက် ရသည်နှင့် ထူးအနဂ္ဂမင်းက ခေါင်းမော့ကာ စံဖြိုးသာနှင့် စတီဗင်ဟိန်းတို့ကို ကြည့်ကာ ပြုံးပြလိုက်သည်။
"ကျွန်တော်တို့ အပြင်ဘက်ကို ခဏလောက်လေကောင်းလေသန့်လေး ထွက်ရှုဖို့ သွားလိုက်ဦးမယ်ဗျ၊ အလှူလည်းမစခင်လေး မစ်ကီ့ကို ဟိုနားဒီနားလျှောက်ပြလိုက်ချင်လို့"
ညီညာရိုးခြည် ပျောက်နေတယ်လို့ ဖွင့်မပြောတာက ကိုရိုးရာနဲ့ မခင် တို့ကိုမသိစေချင်၍။အသေးအမွှားကိစ္စဖြစ်နေပါက ထိုသူတွေကို စိတ်အနှောက်အယှက်မပေးချင်။အကယ်၍သာ သူတို့အခုအချိန် ခြည်ခြည့်ကိုသွားရှာလိုက်ဦးမယ်လို့ တစ်ခွန်းဟ,ကြည့် တမဟုတ်ချင်း တောမီးလောင်သလို ပျံ့နှံ့သွားမှာဖြစ်သည်။
"ရပါတယ် ဒေါက်တာရေ၊ကျွန်တော်လိုက်ပြပေးမယ်လေ၊မင်္ဂလာသုတကျောင်းတိုက်က ကျယ်ပြီး သစ်ပင်သစ်တောလည်း ပေါများတော့ သဘာ၀တောထဲရောက်နေသလိုပဲဗျ"
"အယ်၊ ကိုစံဖြိုးသာကို အားနာစရာရှင်၊ ကျွန်မတို့ဘာသာပဲ သွားလိုက်ပါ့မယ်၊ ဒီနားအနီးတစ်ဝိုက်လောက်ပါပဲ"
YOU ARE READING
သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်
Romanceအမျိုးအစား - Rebirth,Revenge,Male-Preg, Comedy အဓိကဇာတ်ဆောင် - ဦးစတီဗင်ဟိန်း၊ညီညာရိုးခြည်