[Votes & Comments လေးတွေစောင့်နေမယ်နော်💞 ဒီကြားထဲစာရေးတာခဏနားထားတော့ ဖတ်ရတာအဆင်ပြေပါ့မလားတော့မသိဘူး။]
Unicode
ကောင်းကင်မြင့်မြတ်ဟိန်းရဲ့စရိုက်က အမြဲ မိုးကျရွှေကိုယ်တစ်ယောက်လို အားလုံးရဲ့အထက်မှာနေခဲ့ရတာဖြစ်ပြီး သူကပဲ အရာအားလုံးကိုငြင်းဆိုခွင့်၊ လက်ခံခွင့်ရရှိခဲ့သူဖြစ်သည်။
ဒါပေမယ့် အခု... သူအငြင်းခံရသည်။
တစ်ကြိမ်တောင်မဟုတ်။ နှစ်ကြိမ်။ပုံမှန်အားဖြင့် ကောင်းကင်မြင့်မြတ်ဟိန်း အလိုမကျဖြစ်မည်မှာ ဧကန်မုချပါပဲ။ဒါပေမယ့် ကောင်းကင်မြင့်မြတ်ဟိန်းက မြိုသိပ်တတ်သူဖြစ်ပြီး သူ့ရဲ့ ကောင်းကင်ကြီးတစ်ခုလို တည်ရှိမှုကို ကြီးကျယ်မြင့်မြတ်တဲ့ ပုံရိပ်မပျောက်ကွယ်စေချင်တဲ့အတွက် လက်တုံ့ပြန်ချင်ရင်တောင် လူအများသိသာစေမယ့်အရာတွေကို ကိုယ်တိုင်လုပ်မှာမဟုတ်။
"ကောင်းကင် မင်း စိတ်မပူနဲ့၊အဲ့ဒီကောင်လေးက ဒီတစ်ခါ ကျောင်းပြန်တက်ကတည်းက တစ်ခြားလူတစ်ယောက်လိုမျိုး ပြောင်းလဲသွားတာ၊ဘာအားကိုးရှိလို့လဲမသိဘူး၊ ဒါပေမယ့် မင်းကို လူရှေ့သူရှေ့မှာ ငြင်းတာ နှစ်ခါတောင်ရှိနေပြီ၊ တစ်ခုခုမှပြန်မလုပ်ရရင် နေသာထိုင်သာရှိမှာမဟုတ်တော့ဘူး"
တည်တံ့ချမ်းသာက ရက်စက်မှုတွေကိန်း၀ပ်နေတဲ့မျက်၀န်းတွေနဲ့ အခန်းအပြင်ဘက်ကိုလှမ်းကြည့်ရင်းပြုံးသည်။သူ့အပြုံးတွေကခန့်မှန်းမရနိုင်ဘဲ နက်နဲကာ ရက်စက်မှုအတိုင်းအတာကိုလည်း လူတချို့သာသိရှိလိမ့်မည်။
မီမီကျော်ခိုင်အနေနဲ့လည်း အနှီ အခြောက်ကို မကျေနပ်တာမလို့ လောင်စာလေးနည်းနည်းတော့ထည့်ပေးဖြစ်သည်။
"အဲ့ဒီလိုပျော့ညံ့ညံ့ကောင်ရဲ့အာရုံနောက်တာမခံရတော့လည်း ကောင်းကင်အတွက် ပိုပြီးအဆင်ပြေသွားတာပေါ့၊မဟုတ်ရင် အလကားသပ်သပ် အာရုံနောက်နေရဦးမှာ၊ တည်တံ့ နင် ကိစ္စတွေကို အရမ်းမကြီးစေနဲ့ဦးနော်"
"ငါသိပါတယ်၊ အရမ်းလည်းမကြီးစေသလို အရမ်းလည်း မသေးငယ်စေရဘူး၊ သတ္တိကြောင်တဲ့ ပိုးမွှားလေးတွေအတွက် တစ်ဘ၀လုံးထိတ်လန့်နေစေမယ့် ဖြစ်ရပ်လေး ဖြစ်သွားစေရမယ် ဟွန်း..."

YOU ARE READING
သတိရလာပြီးတဲ့နောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်
Romance🎶" If you break my heart , I'll go date your father. You gonna be my son, You go call me your mother"🎶 အမျိုးအစား - Rebirth, Revenge, Male-Preg, Comedy