AFTER REBIRTH [ EPISODE 5.1 ]

6.3K 582 21
                                    

Unicode

ခြည်နဲ့နူးညံ့တို့ နူးညံ့ရဲ့ခြံထဲ၀င်ကာ ခြံရှေ့ကဒန်းပေါ်မှာ ထိုင်လိုက်ကြသည်။

"ခဏစောင့်ရအောင်၊ဖေနဲ့မေ ပြင်ဆင်ပြီးရင်သွားကြမယ်"

"အွန်း၊ မင်္ဂလာသုတ ကျောင်းကိုငါသိတယ်။မင်းတို့အိမ်နဲ့ဆို သိပ်တောင်မဝေးဘူးမဟုတ်လား"

"ဟုတ်တယ်၊ဆယ့်ငါးမိနစ်လောက်ဆိုရင်ရောက်ပြီ၊ဖေဖေကပြောတယ်၊အဲ့ဒီမှာ မြန်မာပြည်ရဲ့စီးပွားရေးလောက, ထိပ်ဆုံးကလုပ်ငန်းရှင်တွေနဲ့သူတို့မိသားစုတော်တော်များများရောက်နေလောက်တယ်တဲ့၊"

"အဲ့ဒါဆိုပျော်စရာမကောင်းလောက်ဘူးနော်၊‌ငါပါးတို့နဲ့စီးပွားရေးဆိုင်ရာပွဲတစ်ချို့တက်ဖူးတယ်၊သူတို့ချင်းတွေ့တာနဲ့ ကိန်းဂဏန်းတွေ၊စာချုပ်တွေ အချက်အလက်တွေ‌ ပြောပြီးရှုပ်နေတာပဲ !"

ခြည်ခြည် ပါးနဲ့ငယ်ငယ်ကလိုက်သွားဖူးသည်။ပွဲအခမ်းအနားအစမှာ မိန်းမကြီးတစ်ယောက်က ပါးလက်ကိုဆွဲထားတဲ့ ခြည့်အနားရောက်လာပြီး ခြည့်ပါးဖောင်းဖောင်းကိုဆွဲဖျစ်ကာ တအီအီတကျီကျီနှင့်လုပ်သည်။သူမပြောတာက အူယားလို့ ခြည့်ကို ချော့မြှူတာပါတဲ့။ခြည်ဖြင့်ချော့မြှူခံရတယ်လို့တစ်စက်ကလေးမှမခံစားရတဲ့အပြင် အမြင်တောင်ကပ်ပါသေးတယ်။

နောက်ပြီးတချို့ကကျခြည့်ကိုကြည့်ပြီးပါးကိုဖားဖို့လုပ်သည်။"သမီးလေးကချစ်စရာလေးနော် ကိုရိုးရာ"တဲ့။ကဲ ဘယ်လောက်တောင် မုန်းဖို့ကောင်းလိုက်သလဲ။စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီး YOE YAR GROUP ရဲ့ဆက်ခံသူ ခြည့်ကို အထီးမှန်းမသိ၊ အမမှန်းမသိနဲ့ ခြည်ဖြင့်ပါလာတဲ့ လီဂိုရုပ်ကြီးနဲ့သာကောက်ထုပစ်ချင်မိခဲ့သည်။

တွေးကြည့်မိရင် စီးပွားရေးလုပ်ငန်းရှင်တွေစုဝေးတဲ့ပွဲတွေဆိုသည်မှာ တစ်ကယ့်ကို ပျင်းစရာကြီးရယ်ပါ။

"ခြည်နော် မေ့နေဦးမယ်၊ မင်းရော ငါရောက စီးပွားရေးတက္ကသိုလ်တက်နေကြတာ"

နူးညံ့ကခြည့်ကိုပခုံးလေးနဲ့တွန်းကာရယ်ကျဲကျဲဖြင့်သတိပေးသည်။ဤသူငယ်ချင်းလေးက စီးပွားရေးကျောင်းတက်ပြီး စီးပွားရေးအကြောင်းကို မကျေနပ်နေသည်မဟုတ်လား။

သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်Where stories live. Discover now