AFTER REBIRTH [ EPISODE 4 ]

6.6K 496 14
                                    

Unicode

"တီတီမာလာ ချက်တဲ့ပုစွန်ဆီပြန်ချက်ကတော့ မစားရသေးတာတောင် မွှေးနေပြီးစားချင်နေပြီ၊ကြည့်ပါဦး ပုစွန်ထုပ်ကြီးတွေကနီရဲပြီး နူးအိနေမှာပဲ"

"ပါးနဲ့မားကို အရင်ဦးချမယ်နော်၊ ငါးဥဟင်းရော ခြည်ထည့်ပေးမယ်"

"အမလေး လိမ္မာလိုက်တဲ့မားရဲ့ဘေဘီလေး၊ မား တော့အချစ်ပိုရပြန်ပါပြီ"

"ခြည်ခြည် သားလည်းထည့်စား"

"ဟုတ် ပါး"

တီတီမာလာက ပုစွန်ဆီပြန်ကို ခရမ်းချဉ်သီး နဲ့ နင့်နေအောင် သေချာချက်ထားတာဖြစ်ပြီး ငါးဥဟင်းကိုလည်းပုံမပျက်စေရဘဲ ခဲခဲလေးချက်ထား၏။အနံ့နဲ့တင် ထမင်းစားခန်းတစ်ခုလုံး ပျံ့နှံ့သွားပြီး ခြည်ခြည်တို့ သွားရည်ယိုမိကြတော့သည်။

ပုစွန်ဆီပြန်၊ ငါးဥဟင်း၊ကိုက်လန်ရွက်ကြော်၊ ချဉ်ရေဟင်း၊ပါးကြိုက်တတ်တဲ့ပဲငါးပိချက်၊ ဘူးသီးနုနုတွေနဲ့ထွေရာလေးပါး အရွက်စုံပြုတ်။အင်း ညစာနဲ့မတူဘဲ နေ့လည်စာနဲ့တူနေပါလား။ခြည် တွေးရင်းနဲ့ ဟက်ခနဲရယ်ရင်း ပုစွန်ဟင်းကိုထည့်စားလိုက်သည်။

ဦးရိုးရာနဲ့ဒေါ်ဘေဘီမင်းခင်တို့သည်လည်း သူမတို့သားဖြစ်သူ ပျော်ရွှင်နေတာကို ကြည့်ပြီး ကြည်နူးမဆုံးဖြစ်နေကြကာ စားဖို့ပင် သတိမရရှာကြ။

"ပါး မား ထမင်းလည်းစားကြပါဦး၊ ခြည့်ကိုပဲကြည့်မနေကြနဲ့လေဗျာ၊ ခြည် ခွံ့ကျွေးရမလားပြော"

"မားဖြင့် ဘေဘီစားနေတာလေးကြည့်ရင်းနဲ့ ဗိုက်တောင်ပြည့်သွားသလိုပဲ၊ ဆာတောင်မဆာတော့ဘူးကွယ်"

"ဟင် မားကလည်း ဘာလို့မဆာရမှာလဲ၊စားရမယ်နော်၊ မားတို့မစားရင် ခြည်လည်းမစားချင်ဘူး"

ခြည်က ဇွန်းလေးကိုချကာ နှုတ်ခမ်းဆူလိုက်သည်။
ထိုအခါ ပါးနဲ့မားက မျက်လုံးလေးတွေပြူးသွားပြီး ကိုယ်စီ ဇွန်းကိုင်ကာ ရယ်ကျဲကျဲဖြင့် ခူးခပ်စားပြတော့သည်။ ထိုအခါမှ ခြည်လည်း ကျေနပ်ဟန်ဖြင့် ညစာကို ဆက်လက်စားလိုက်သည်။

အတိတ်တုန်းက သူ ပါးနဲ့မားတို့နဲ့အတူထမင်းမစားခဲ့တာ ဘယ်ကတည်းကပါလိမ့်။တက္ကသိုလ်စတက်ကတည်းကဖြစ်မယ်ထင်တယ်။အင်း ဟုတ်ပါတယ်။တက္ကသိုလ်စတက်ကတည်းက crush ကိုမွှန်ပြီး အဆောင်ငှားနေခဲ့ကာ တစ်ယောက်တည်းဖြစ်ခဲ့ရသည်။ကျောင်းပြီးလို့ ဘွဲ့ရ၊ ကောင်းကင်နဲ့ အတူနေတော့လည်း အနှီသတ္တဝါက အလုပ်ကိစ္စဟုခေါင်းစဉ်တပ်ပြီး အိမ်မှာ မမြဲ။အမြဲတစ်ယောက်တည်းအထီးကျန်ခဲ့သူက ညီညာရိုးခြည်ပါပေ။သို့ပေသည့်သူဖောက်ပြန်ခံရမှန်းသိစဉ်က ကောင်းကင်မြင့်မြတ်ဟိန်းရဲ့ ဆင်ခြေဆင်လက်က သူအထီးကျန်ပြီး ငြီးငွေ့လို့ပါတဲ့လေ။

သတိရလာပြီးနောက်သူဌေးကြီးရဲ့ဒုတိယရင်သွေးကိုကိုယ်၀န်လွယ်ထားရတယ်Where stories live. Discover now