အပိုင်း၁၄
သော..တို့ကျောင်းတွေပြန်ဖွင့်တော့မည်။ကျောင်းတွေပြန်ပြီးအအပ်လက်ခံနေကြပေမဲ့သောမှာတွေဝေနေမိသည်။
သောမှာပြေးကြည့်မှဒီသားအဖဘဲရှိတာမို့အခုလိုမျိုးဖေဖေနေထိုင်းမကောင်းတဲ့အချိန်မှာသောကဘဲအနီးကပ်ပြုစုချင်မိသည်မို့..သော..မန္တလေးမှာကျောင်းသွားတတ်ဖို့ကိုတွေဝေနေမိခြင်းဖြစ်သည်။
အခုဖေဖေကဆေးရုံကဆင်းလာပြီဖြစ်ပေမဲ့ဖေဖေရဲ့အခြေနေကစိတ်ချထားလို့ရသည့်အနေထားတော့ဟုက်မနေပါ..
ဒီမှာလည်..အန်တီကေသီကလယ်ယာတွေကိုဦးစီးဖို့ဆိုတာကလည်မိန်းမသားမို့ယောင်္ကျားသားတွေလောက်အဆင်ပြေနိုင်မှာမဟုက်ပါနောက်ပြီးဖေဖေကိုပြုစုဖို့ကလည်ရှိသေးတာကြောင့်အိမ်မှာအန်တီကေသီတစ်ယောက်ထဲနဲ့ဘယ်လိုမှအဆင်မပြေနိုင်တာကြောင့်နှလုံးသားဆန္ဒကိုဦးချိုးလို့ဖြစ်သင့်တာကိုဘဲဦးစားပေးရပါအုန်းမည်။
သား..မန္တလေးမှာကျောင်းသွားတတ်မှာဆိုတော့ပြင်ဆင်တော့လေ..ကျောင်းတွေလည်ဖွင့်ဖို့ရက်ကမလိုတော့ဘူးဆိုတော့..သားဖေဖေအတွက်ကမပူပါနဲ့နော်အန်တီတစ်ယောက်လုံးရှိနေတာဘဲသားကကျောင်းကိုသာသွားပြီးပညာရှာခဲ့နော်
ဒေါ်ကေသီတစ်ယောက်...ငေးငိုင်ပြီးအတွေးကမ္ဘာထဲလက်ပစ်ကူးနေသူကိုသတိလေးပေးရင်းပြောလိုက်မိသည်။
အန်တီ...သားမန္တလေးမှာကျောင်းမတတ်ဖြစ်တော့ဘူးဒါကြောင့်ဒီမှာဘဲကျောင်းအပ်လိုက်တော့မှာ...မန္တလေးမှာဘဲတတ်တတ်ရွှေဘိုမှာဘဲတတ်တတ်ဒီစာတွေဘဲသင်တာဆိုတော့အတူတူဘဲလေ..ဒါကြောင့်ပါ
ဒေါ်ကေသီ....သားငယ်ကိုကြည့်ပြီးအချစ်ပိုရသလိုသနားလည်သနားရပါသည်။သားငယ်ဘာကြောင့်အခုလိုပြောနေတာလည်ဆိုတာကိုဒေါ်ကေသီကောင်းကောင်းသိပါတယ်
ဒီသားငယ်လေးကအရွယ်နဲ့မလိုက်မိဘတွေအပေါ်သိတတ်လွန်းသူဖြစ်တာကြောင့်..အခုလည်သူ့အဖေရဲ့ကျန်မာရေးကြောင့်အလုပ်တွေကိုဦးစီးဖို့အတွက်သူသွားချင်တဲ့နေရာကိုမသွားနိုင်ဘဲမိဘတွေကိုငဲ့နေတယ်ဆိုတာသိနေတဲ့ကိုယ်ကစိတ်မကောင်းပေမဲ့သူ့ဆုံးဖြတ်ချတ်မို့လေးစားပေးလိုက်မိပြန်သည်။
YOU ARE READING
ဧည့်သည်
Teen Fiction................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...