အပိုင်း၉

25 2 0
                                    

ဧည့်သည်

အပိုင်း၉

ကာကာနဲ့ဇော်တို့တက္ကသိုလ်ကိုပထမဦးဆုံးစတတ်သည့်နေ့ဖြစ်သည်။ဇော်ကဆေးကျောင်းတတ်ပေမဲ့ကာကာကတော့ရတနာပုံမှာဘဲဒေးတတ်ဖြစ်သည်။

ကာကာရဲ့ရွေးချယ်မှုတို့ကြောင့်ဇော်ကမကျေနပ်ပေမဲ့ကာကာရဲ့ဝါသနာကိုသိနေတာကြောင့်ဇော်ကကြာကြာလည်စိတ်မဆိုးပါဘဲကာကာနဲ့အတူရှိနေပေးခဲ့သည်သာ

ဇော်နဲ့ကာကာတို့ကဆယ်တန်းကို4Dနဲ့အောင်ကြတာချင်းတူတာကြောင့်နောက်ပြီးကာကာရဲ့အမှတ်တွေကဆေးကျောင်းကိုတတ်လို့ရသလိုဇော်ထက်လည်ပိုများနေတာကြောင့်ပါဇော်နဲ့ကြီးမေကြီးတို့ကဆေးကျောင်းကိာတတ်စေချင်သူများဖြစ်သည်

ကာကာက..ဆရာဝန်ဖြစ်ချင်တာထက်ကလေးငယ်လေးတွေကိုစာပြပေးတဲ့ကျောင်းဆရာသာဖြစ်ချင်သူနောက်ပြီးဆေးထိုးအပ်ကိုင်တာကကျောင်းဆရာထက်ဂုဏ်ရှိပေမဲ့ပန်းပွင့်လေးတွေကိုပြုစုပေးတဲ့ဥယဥ်မှုးလေးဘဝကိုသာကာကာကမတ်မောသူဖြစ်သည်

အပြစ်ကင်စင်းတဲ့အပြုံးလေးတွေကြားမှာစိတ်ရောကိုယ်ပါနှစ်ပြီးပျော်ရွှင်ချင်သူမို့ကာကာရဲ့ရွေးချယ်မှုက.ကာကာကိုနောင်တတရားတွေမရနိုင်ပါ.......

ဇော်.....ကျောင်းသွားဖို့အတွက်ကာကာကိုစောင့်နေမိသည်။အမှန်ဆိုရင်တတ်ရမဲ့ကျောင်းချင်းမတူသလိုသွားရမဲ့လမ်းချင်းလည်ကွဲပါသည်။သို့သော်ဇော်က..ကာကာကိုကျောင်းပို့ကြိုလုပ်ပေးချင်တာကြောင့်ဘဲမေမေတို့ကိုပြောထားရခြင်းဖြစ်သည်

မေမေကိုယ်တိုင်ကလည်ကာကာကိုသားအရင်းတစ်ယောက်လိုချစ်ခင်သူမို့ဇော်ရဲ့ဆန္ဒကိုလိုက်လျှောပေးထားသူဖြစ်သည်

ဇော်.....ကာကာကိုရတနာပုံတက္ကသိုလ်ထိလိုက်ပို့ပေးပြီးဆေးကျောင်းဘက်ပြန်လာခဲ့သည်။အမှန်ကဇော်ကိုဘွားဘွားကြီးသခင်လေးနိုင်နဲ့အတူသွားစေချင်တာဖြစ်သည်

ဘွားဘွားကြီးရဲ့ဆန္ဒတွေကိုဇော်သိပါသည်။ဘွားဘွားကြီးကဇော်နဲ့သခင်လေးကိုကျောင်းပြီးတာနဲ့လက်ထပ်ပေးဖို့စီစဥ်ထားတာဖြစ်ပြီးဇော်ကလည်ဘွားဘွားကြီးကိုငြင်းထားသူဖြစ်သည်

ဧည့်သည်Where stories live. Discover now