အပိုင်း၂၃
ကာကာ..အကိုသောနဲ့အတူတောထဲလိုက်လာပြီးအရာအားလုံးက..ကာကာအတွက်လှပပြီးဆန်းပြားနေတာကြည့်ပင်..အကိုသောရဲ့သူငယ်ချင်းတွေကလည်ကာကာကိုကျော်ကဆရာလေးဆိုပြီးတလေးတစားနဲ့အရေးတယူရှိလွန်းတာကြောင့်ကာကာမှာသူတို့ကိုပြန်ပြီးအားနာရတဲ့အထိဖြစ်ရပြန်သည်။
မနက်၁၀လောက်ရှိတော့ကာကာတို့တောထဲကိုရောက်လာခဲ့သည်။အကိုသောနဲ့ရွာထဲကအပျိုလူပျိုလေးတွေအားလုံးကဆိုင်ကယ်တွေကိုတနေရာထဲရပ်ပြီးသူတို့ယူလာတဲ့ထည့်စရာပစ္စည်းတွေကိုယူပြီးရှေ့ကသွားနှင့်ကြသည်။
အကိုသောကသာ..ကာကာကိုစောင့်ရင်းသွားနေတာကြောင့်ရွာကအုပ်စုနှင့်နဲနဲလှမ်းသွားရသည်။ကာကာကတော့ရောက်တဲ့နေရာမှန်သမျှငေးမောကြည့်ရင်းသွားကာပျော်ရွှင်နေရခြင်းဖြစ်သည်။
ကာကာတို့နာရီဝက်လောက်သွားပြီးချိန်မှာတော့ရေစီးသံကိုကြားလိုက်ရသည်။ကာကာရေစီးသံကြောင့်အကိုသောကိုကျော်ပြီးရှေ့မှပြေးသွားမိသည်။ကာကာ..အရှေ့ကိုရောက်ချင်ဇောကြောင့်ရောလမ်းကိုသေချာမကြည့်ဘဲသွားမိတာကြောင့်ပါခြေလှမ်းသုံးလေးလှမ်းလောက်လှမ်းပြီးချိန်ဝယ်ကစင်းရိုးပေါ်ကခြေချော်ကြတော့သည်။
ကာကာစိတ်ထဲသွားပြီပြုတ်ကြပြီလို့တွေးနေမိပြီးမျတ်စီကိုအသေမှိတ်ထားလိုက်မိသည်။သို့သော်အချိန်တာကြာသွားသည်ကာကာခန္တာကိုယ်ကဘေးကလယ်ကွင်းထဲပြုတ်ကြသွားခြင်းမရှိဘဲကြီးမာကျယ်ပြန့်ပြီးနွေးထွေးလွန်းသောရင်ခွင်တစ်ခုထဲကိုသာပြုတ်ကျသွားတာကြောင့်ရင်ခုန်သံတွေကထိန်းမရနိုင်အောင်ပြုစားလွန်းပြန်သည်။
ညီ...ရရဲ့လား
အရမ်းလန့်သွားတာထင်တယ်..ရော့ရေလေးသောက်လိုက်နော်...သော...ရင်ငြိမ်းအေးလေးကိုရေဗူးဖွင့်ပြီးကမ်းပေးလိုက်သည်။ထိတ်လန့်နေတဲ့ရင်ငြိမ်အေးလေးကလက်ဖျားလေးတွေတောင်တုန်နေတာကြောင့်သော..ကိုယ့်ကို့ကို..သာအပြစ်တင်မိလိုက်သည်။သူသာ..ရင်ငြိမ်အေးလေးကိုသတိပေးခဲ့ရင်ရင်ငြိမ်အေးလေးကဒီလောက်ထိတ်လန့်သွားမည်မဟုက်ပါလား...
YOU ARE READING
ဧည့်သည်
Teen Fiction................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...