အပိုင်း၂၂
ကာကာ....ဆိုင်ကယ်နောက်မှလိုက်လာခဲ့ပေမဲ့လာကြိုတဲ့သူကလည်ဘာမှမပြောသလိုကာကာကိုယ်တိုင်ကလည်စကားကိုဘယ်ကစပြီးပြောရမလည်မသိဖြစ်နေသည်။
သောတို့ရွာကိုကျောင်းဆရာအသစ်ရောက်လာမယ်လို့အုပ်ကြီးကပြောခဲ့ပေမဲ့သောရဲ့နှလုံးသားငယ်လေးရယ်လို့ရောင်လို့တောင်တွေးမကြည့်ခဲ့ဘူးပေ..အခုတော့သောရဲ့နှလုံးသားငယ်လေးကသောရှိတဲ့ဆီကိုဆိုက်ဆိုက်မြှိက်မြှိက်ကိုပင်ရောက်လာခဲ့ပြီဖြစ်သည်။
ဒါပေမဲ့ကိုယ့်ချစ်မြတ်နိုးရသူလေးက..ကိုယ့်ရဲ့အကိုအရင်းနဲ့စေ့စပ်ကာလက်ထပ်ပြီးသွားပြီလားပင်မသိ..သောရဲ့အချစ်တွေအားလုံးကဒီကောင်လေးထံပါးဝယ်အကုန်ပေးခဲ့ပြီးပြီဆိုပေမဲ့သောရဲ့စိတ်ဆန္ဒတွေကတော့သူများပိုင်တဲ့အရာလေးကိုငေးကြည့်နေရုံသာတတ်နိုင်တော့သည်လေ
မောင်ချစ်ရတဲ့ရင်ငြိမ်းအေးလေးရယ်...
မောင်..မင်းကိုငေးကြည့်နေလို့မင်းကိုတိတ်တခိုချစ်နေမိလို့ဒုသာနတောကံထိုက်မယ်ဆိုရင်လည်မောင်..ပျော်ပျော်ကြီးခံလိုက်ပါ့မယ်..မောင်မှမင်းကိုမချစ်ဘဲမနေနိုင်တာကို..သော...ဆိုင်ကယ်နောက်ကနေပြီးအရုပ်လေးတစ်ရုပ်လိုငြိမ်သက်ပြီးပါလာတဲ့မြတ်နိုးရသူလေးကိုအသဲတွေယားနေမိသလိုသောရဲ့ရင်ခုန်သံတွေကလည်ထိန်းမရသိမ်းမရဖြစ်နေတာကြောင့်ကိုယ့်ရဲ့ရင်ခုန်သံတွေကိုကြားသွားမှာတောင်ဆိုရိမ်နေမိပြန်သည်။
သော..ဆိုင်ကယ်ကိုတဖြေးဖြေးချင်းမောင်းလာရင်းမဟာနန္ဒာကန်အနားရောက်တော့ဆ်ိုင်ကယ်ကိုခဏရပ်ပြီးမြတ်နိုးရသူလေးနဲ့အတူကြာပန်းတွေကြည့်ရင်းစကားပြောချင်တာကြောင့်..
ဟို..ရွာက.ရောက်ပြီလားအကို
ကာကာ...ရွာကိုရောက်ပြီးလို့ထင်မိလိုက်ပေမဲ့ကာကာကြည့်နေရာတိုင်းကရွာနဲ့တူတာကိုမတွေ့ရဘဲအရမ်းကိုလှပလွန်းတဲ့ကြာကန်ကြီးနှစ်ကန်ကိုသာတွေ့လိုက်ရတာကြောင့်ဆိုင်ကယ်ပေါ်ကဆင်းပြီးလှပလွန်းတဲ့ကြာကန်ကြီးဘက်ပြေးသွားမိလိုက်သည်။သော...သူ့ကိုရွာရောက်ပြီလားလို့မေးပြီးအဖြေကိုမစောင့်ဘဲကြာကန်ရှိရာဘက်ကိုပြေးသွားတဲ့ရင်ငြိမ်းအေးလေးကြောင့်မြတ်နိုးမှုတွေတိုးကာချစ်ရပြန်သည်။
YOU ARE READING
ဧည့်သည်
Roman pour Adolescents................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...