အပိုင်း၂၁

19 4 0
                                    

အပိုင်း၂၁

သောတို့ရွာလေးသည်ရွှေဘိုမြို့ရဲ့မြောက်ဘက်မဟာနန္ဒာကန်ရဲ့မြောက်နားလေးမှာတည်ရှိပါသည်။ရွာကတာလမ်းကြီးရဲ့အနောက်ဘက်မှာရှိပြီးရွှာဦးကျောင်းကတော့တာလမ်းကြီးရဲ့အရှေ့ဘက်တွင်ရှိသည်။ရွာနဲ့ဘုန်းကြီးကျောင်းကြားတွင်တာလမ်းကြီးရှိသလိုမူးချောင်းလည်ရှိနေသည်။

သောတို့တရွာလုံးကသောက်ရေကိုတော့ရွာဦးကျောင်းကတွင်းရေကိုသာခပ်ကြရပြီးသုံးရေကိုတော့မူးချောင်းရေကိုသာခပ်ကြရသည်။

သောတို့ရွာရဲ့ချစ်စရာဓလေ့တစ်ခုကအခုချိန်ထိရွာရဲ့ပျိုမေလေးများကညနေစောင်ချိန်တိုင်းမူးချေင်းရေခပ်ကြရတုန်းဖြစ်ပြီးရွာက..ကလသားများကလည်ကိုယ့်ရဲ့အပျိုကို..မူးချောင်းဘေးကနေစောင့်ပြီးရည်စားစကားပြောကြရတုန်းဖြစ်သည်။

နောက်ထပ်သောတို့ရွာမှာချစ်စရာကောင်းတာလေးတစ်ခုရှိသေးသည်။ရွာထဲကအပျိုလေးတွေမိုးဥကြပြီးချိန်ကောက်စိုက်ပါးချိန်မျိုးတွင်တောထဲသွားပြီးဟင်းရွက်ခူးကြသလိုတောပန်းလေးတွေခူးကြတာလည်ရှိသည်။

အဲ့ဒီအချိန်မျိုးဆိုရင်..ကောင်လေးရှိတဲ့အပျိုကလည်သူကောင်လေးနဲ့ဖြစ်သလိုကောင်လေးတွေကလည်သူတို့ကြိုက်နှစ်သက်တဲ့အပျိုချောလေးတွေနဲ့အတူတောထဲသွားကြတာပင်

မည်သို့ပင်သမီးရည်းသားဆိုပေနဲ့တောထဲသွားချိန်မျိုးဆိုရင်ဖြင့်မောင်နှမလိုသူငယ်ချင်းလိုတစ်ဦးကိုတစ်ဦးကူညီရိုင်းပင်းကြတာလေးကလည်ချစ်စရာဓလေ့လေးတစ်ခုပင်

အခုလည်..သောကသူငယ်ချင်းများနဲ့အတူတောထဲသွားဖို့အရင်နေ့ကတည်းကပြောထားခဲ့ပေမဲ့ရွာရဲ့အုပ်ကြီးကမြို့ပေါ်သွားပြီးကျောင်းဆရာအသစ်လေးကိုကြိုပေးဖို့ပြောလာတာကြောင့်သောမှာသူငယ်ချင်းများကိုပြောပြီးမြို့ပေါ်ကိုလာခဲ့ရသဘ်။

သောတို့ရွာကနေရွှေဘိုမြို့ကိုရောက်ဖို့အတွက်ဆိုင်ကယ်ဖြင့်သွားလျှင်တောက်မီးနှစ်အစိတ်လောက်ဘဲသွားရသည်။ဒါတောင်ဆိုင်ကယ်ကိုဖြေးဖြေးမောင်းလို့သာအမြန်မောင်းတဲ့သူဆိုရင်ဖြင့်အဲ့လောက်တောင်မမောင်းရပါ

ဧည့်သည်Where stories live. Discover now