အပိုင်း၂၀
ကာကာ..ဘွဲ့ယူတဲ့နေ့ကတည်းကနေအခုချိန်ထိနိုင်စကားမပြောဖြစ်သလိုနိုင်ကိုယ်တိုင်လည်ကာကာကို..ထိုအမျိုးသားကဘယ်သူလည်လို့မမေးရဲခဲ့ပါ..
ကာကာဆီမှဖြေကြားလာမဲ့စကားတွေကိုကြားနိုင်ဖို့အင်းအားမရှိဘူးလို့ပြောရင်ပိုပြီးမှန်ပါလိမ့်မယ်..ကာကာက..နိုင့်ကိုမချစ်မှန်းသိနေပေမဲ့နိုင့်ရဲ့စိတ်တွေကမှသူ့က်ိုမချစ်ဘဲမနေနိုင်ခဲ့တာကို
နိုင်..တခါတလေကြတော့လည်တွေးမိပါတယ်နိုင်ကများအရမ်းအတ္တတွေကြီးနေတာများလားလို့..ကိုယ်ကိုမချစ်မနှစ်သက်တဲ့သူတစ်ယောက်ရဲ့လက်ကိုဆွဲထားရတာအရမ်းကိုများအနိုင့်ကျင့်ရာရောက်နေမလားလို့
ကိုယ့်ကသူကိုချစ်နေရလို့ချစ်တဲ့စိတ်နဲ့ပျော်ရွှင်နေရပေမဲ့သူကကိုယ့်ကိုမချစ်တဲ့အတွက်မချစ်မနှစ်သက်တဲ့သူနဲ့အတူနေရတဲ့သူ့ကိုကြည့်ပြီးအားလည်နားရသလိုလက်လွတ်ဆုံးရှုံးခံဖို့ကိုလည်တွေးမိပါတယ်ခက်တာကကိုယ့်နှလုံးသားကသူ့ထံပါးမှာခစားနေမိတာကိုဘဲ
အခုလည်..ကာကာစံအိမ်ကြီးမှာမရှိဘူးဆိုတာသိပါတယ်ဒါပေမဲ့လည်ကိုယ့်စိတ်တွေကသူ့ကိုဘဲတမ်းတနေမိတော့အချိန်တိုင်းသူ့ကိုဘဲလိုက်ရှာနေမိပြန်ရော...
ဒီနေ့...ကာကာကနိုင့်ဆီမှာခွင့်တောင်းထားခဲ့တာ..သူဇော်ကိုလေယဥ်ကွင်းလိုက်ပို့ပေးချင်ပါတယ်ဆိုပြီး..နိုင်လည်ခွင့်ပြုပေးထားခဲ့တာဘဲဒါပေမဲ့ကိုယ့်စိတ်တွေကပြန်ရောက်နေနိုးနဲ့စောင့်မျော်နေမိတာလေ
နိုင်...ခြံထဲဆင်းလာတော့မေမေနဲ့တွေ့ပြီးမေမေက
နိုင်ကိုညစာ..စားဖို့ပြောနေပေမဲ့နိုင်က..ချစ်ရသူနဲ့သာလက်ဆုံစားချင်တာကြောင့်ဗိုက်မဆာသေးဘူးလို့ပြောပြီးခြံထဲဆင်းကာ..ချစ်ရသူကိုစောင့်နေခြင်းဖြစ်သည်။နိုင်...ကာကာတို့မိသားစုလေးနေခဲ့တဲ့ခြံထဲကတန်းလျှားလေးရှိရာလျှောက်လာပြီးအတွေးကမ္ဘာထဲလွင့်မျောနေတုန်းချစ်ရသူရဲ့ကားလေးဇော်တို့ခြံဘက်မောင်းဝင်သွားတာကိုလှမ်းတွေ့လိုက်ရတာကြောင့်နိုင်..ခြံရှေ့ကိုပြန်ပြီးထွက်လာခဲ့လိုက်သည်။
YOU ARE READING
ဧည့်သည်
Teenfikce................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...