ဧည့်သည်
အပိုင်း၁
ကျွန်မ...ရှင်နဲ့မပေါင်းနိုင်တော့ဘူးအဲ့ဒါကြောင့်ရှင်...ကျွန်မကိုကွာရှင်းပေးတော့ကိုမြတ်နိုင်...ရှင်ကိုသီခံနိုင်စွမ်းဒီမှာတင်ကုန်ဆုံးသွားပြီမို့ရှင်နဲ့ကျွန်မလည်ရေစက်ကုန်ပြီလို့သာမှတ်လိုက်ပါ
ရတယ်...ငါဆိုတဲ့ကောင်ကလည်မင်းလိုမောက်မာပြီးငွေမှငွေဖြစ်နေတဲ့သူကိုဆတ်ပြီးမပေါင်းနိုင်တော့ဘူးဒါကြောင့်အခုဘဲကွာရှင်းစာချုပ်နဲ့ကွာရှင်းပေးလိုက်မယ်
ဒါပေမဲ့တစ်ခုတော့ရှိတယ်......မင်း
ငါ့သားတွေကိုတော့ထားခဲ့ရမယ်..မင်းနဲ့ငါ့သားတွေကိုထည့်မပေးနိုင်ဘူး..မင်း
ကွာရှင်းချင်တယ်မို့လား....သိပ်မကြာလိုက်ပါ....ဦးမြတ်နိုင်ခေါ်ထားတဲ့ရှေ့နေလည်ရောက်နေပြီမို့ဦးမြတ်နိုင်နဲ့ဒေါ်ထိပ်ထားထက်တို့နှစ်ဦးသဘောတူကွားရှင်းလိုက်ကြသည်
လင်ရယ်မယားရယ်လို့အတူတူနေခဲ့ကြပေမဲ့လျှောက်ကြတဲ့လမ်းကမတူတော့လမ်းခွဲသွားကြပေမဲ့နှောင်တတို့မရရှိကြပါ
သို့သော်...ပြဿနာကစလို့လာသည်မှာသားနှစ်ယောက်ရှိတဲ့ထဲ....သားတစ်ယောက်စီခေါ်ယူကြရမည်လို့ပြောလာတဲ့ရှေ့နေကြီးရဲ့စကားကြောင့်ပင်
ဒီမှာ.....ရှေ့နေကြီး
ကျွန်တော်ကတော့..ကျွန်တော့်သားတွေကိုသူလိုမိန်းမနဲ့ထည့်မပေးနိုင်ဘူးဆိုတာဘဲကျွန်တော့်သားတွေသာသူနဲ့နေရရင်ငွေကလွဲပြီးဘာမှမသိတဲ့လူဘဲဖြစ်သွားမှာမေတ္တာတရားတွေမရှိအချစ်ဆိုတာနိတ္ထိဆိုတဲ့သူလိုမိန်းမကို...သားတွေရဲ့မိခင်ဖြစ်ခွင့်ပြုနိုင်ပေမဲ့သားတွေရဲ့အုပ်ထိန်းသူအဖြစ်တော့အသိမှတ်မပြုနိုင်ဘူးရှေ့နေကြီး
အို.....ရှင်တစ်ယောက်ထဲဘဲသားတွေကိုအုပ်ထိန်းခွင့်ရလို့ဘယ်ဖြစ်မလဲကျွန်မကလည်သားတွေရဲ့မွေးမိခင်ဘဲ..ကျွန်မမှာလည်အုပ်ထိန်းခွင့်ရသင့်တယ်...ဒါကြောင့်ရှေ့နေကြီးကောင်းသလိုသားနှစ်ယောက်ထဲကသားတစ်ယောက်စီခေါ်သွားပိုင်ခွင့်ပြုပေးပါလို့တောင်ဆိုပါတယ်ရှေ့နေကြီး
YOU ARE READING
ဧည့်သည်
Dla nastolatków................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...