အပိုင်း၁၅
နိုင်.....ဒီနေ့ကျောင်းတွေပြန်ဖွင့်တဲ့ပထမဦးဆုံးနေ့လေးမို့ချစ်ရသူလေးကိုပထမဦးဆုံးတွေ့ချင်မြင်ချင်ပေမဲ့စံအိမ်ကြီးမှာဘွားဘွားနဲ့မေမေတို့ကမျတ်စီဒေါက်ထောက်ကြည့်နေတာကြောင့်မြင်ချင်ပေမဲ့မမြင်ခဲ့ရပါဒါကြောင့်
ချစ်ရသူလေးရှိရာ..ရတနာပုံကိုထွက်လာခဲ့သည်။နိုင်အတွက်ရတနာပုံကိုအကြိမ်ကြိမ်ရောက်ဖူးနေပေမဲ့ချစ်ရသူလေးကိုတော့အဝေးမှနေဘဲငေးကြည့်ပြီးပြန်ခဲ့တာကများနေသည်မို့ဒီနေ့တော့ချစ်ရသူလေးကိုသေချာလေးကြည့်ချင်တာရောချစ်ရသူလေးကျောင်းမှာမည်သို့သူများဘယ်လိုဆတ်ဆံတယ်ဆိုတာကိုပါသိချင်မိတာကြောင့်...ချစ်ရသူလေးရှိရာအတန်းဘက်ကိုသာလာခဲ့လိုက်သည်။
နိုင်...ချစ်ရသူလေးအတန်းဘက်ရောက်တော့ညချမ်းလင်္ကါဆိုတဲ့မြတ်နိုးရာလေးကသူမဟုက်တဲ့တစိမ်းအမျိုးသားတစ်ယောက်နဲ့အတန်းထဲမှထွက်သွားတာကိုမြင်လိုက်ရတာကြောင့်နိုင်မှာရင်တွေပူနေရသည်။
ညချမ်းလင်္ကါဆိုတဲ့မြတ်နိုးရာလေးကမျတ်နာမြင်ချစ်ခင်ပါစေအသံကြားသနားပါစေဆိုတဲ့ဆုတောင်းတွေပြည့်ဝတဲ့သူမို့နိုင်မှာမြတ်နိုးရသူလေးကိုအလုံခြုံဆုံးနေရာလေးမှာသာထားချင်ပေမဲ့သူအဖြစ်ကမပိုင်ဝက်မွေးဖြစ်နေတာကြောင့်တော်ရာကဘဲနေရတဲ့အဖြစ်
နိုင်....မြတ်နိုးရာလေးနဲ့အတူထွက်သွားတဲ့တစိမ်းယောင်္ကျာလေးကိုမနာလိုဖြစ်မိပါသည်။နောက်ပြီးမြတ်နိုးရာလေးနောက်ကိုလိုက်ပြီးသူများတစိမ်းနဲ့ဘယ်မှမသွားနဲ့ဆိုပြီးလိုက်ခေါ်ချင်တဲ့စိတ်တွေထိန်းသိမ်းထားရပြန်သည်။
ကာကာ....သခင်လေးနဲ့အတူဦးပိန်ဘက်လမ်းလျှောက်ရင်သခင်လေးကဗိုက်ဆာတယ်မုန့်သွားစားရအောင်ဆိုတာနဲ့သခင်လေးအလိုကြလိုက်ခဲ့ရပြန်သည်။
ကာကာစိတ်ထဲမှာလည်သခင်လေးနဲ့အခုလိုလမ်းအတူလျှောက်ရတာကိုကျေနပ်နေမိသလို..ကြည်နူးချမ်းမြေ့သလိုခံစားနေရပြန်သည်။
သခင်လေးနဲ့အတူဦးပိန်တံတားအတူလျှောက်ရင်းစိတ်ထဲတွေးမိသွားတာကဒီဦးပိန်တံတားကိုချစ်ရသူနဲ့အတူအစအဆုံးလျှောက်ရရင်ချစ်ခြင်းတရားတွေခိုင်မြဲပီးချစ်ကြသူနှစ်ဦးပေါင်းဖက်ရသည်လို့ကြားခဲ့ဖူးတာလေးကိုပြန်တွေးမိသွားတော့အလိုလိုနေရင်ရှတ်စိတ်တွေတိုးရပြန်သည်။
YOU ARE READING
ဧည့်သည်
Teen Fiction................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...