အပိုင်း၂၉
ကာကာ...ရေချိုးကိုယ်လက်သန့်စင်ပြီးလို့အခန်းတွင်ဝက်လာတော့အကိုသောကအိပ်ယာကိုပင်ပြန်ပြီးပြင်ဆင်ပြီးနေပြီဖြစ်သည်။
ညီ....ဒီညတော့ဒီကုတင်သေးသေးလေးမှာဘဲသီးခံပြီးအိပ်လိုက်နော်...အကိုကတော့ဒီအောက်မှာဘဲအိပ်လိုက်မယ်...သော...ချစ်ရသူလေးနဲ့တစ်ခန်းထဲအတူအိပ်ရမည်မို့ရင်ခုန်နေခဲ့ပေမဲ့ချစ်ရသူလေးကိုတော့တန်ဖိုးထားပြီးချစ်ချင်သည်။
ကိုယ့်ရဲ့အချစ်တွေကဖြူစင်သန့်ရှင်းသည်ကိုချစ်ရသူလေးသိစေချင်မိသည်။ဒါကြောင့်ဘဲချစ်ရသူလေးကိုတစ်ယောက်ထဲလွတ်လွတ်လပ်လပ်အိပ်ခိုင်းလိုက့်ခင်းသာဖြစ်သည်။
ကိုယ့်ရဲ့အချစ်တွေကြောင့်ကိုယ်ချစ်ရသူလေးအနေမခက်စေချင်သလိုကိုယ့်ရဲ့ရယူလိုမှုတွေကြောင့်လည်ချစ်ရသူလေးကိုမညစ်နွမ်းစေချင်တာသောရဲ့စိတ်ရင်းအမှန်ပါ..အကယ်၍များချစ်ရသူကကြည်ဖြူခဲ့မယ်ဆိုရင်တော့သောလည်ချစ်ရတဲ့ချစ်သူလေးရဲ့နှုတ်ခမ်းလေးကိုနမ်းရှိုက်ချင်မိပါသည်။
ကာကာ...အကိုသောပြင်ပေးထားတဲ့အိပ်ရာပေါ်ကိုလဲလျောင်းလိုက်ပြီးအကျောများဆန့်လိုက်သည်။တနေ့လုံးနီးပါးလျှောက်လည်ထားရသည်မို့ကာကာနားချင်နေပါပြီဒါကြောင့်ဘဲကိုယ်လက်သန့်စင်ပြီးဘုရာမရှစ်ခိုးဘဲအိပ်ရာပေါ်လဲလိုက်ခြင်းဖြစ်သည်။
၃လခန့်ကြာသော်
သား..ကာကာလေးပြီးပြီးလား
သွားစို့လေ..တော်ကြာတောထဲကလူတွေဗိုက်ဆာနေရော့မယ်ကွဲ့...ဟုက်ကဲ့ပြီးပါပြီအန်တီရဲ့..သားကအကိုသောအတွက်.....မကျီးသီးမှည့်လေးကိုထန်းညှက်လေးနဲ့ဖျော်နေလို့ပါဗျ..တောထဲမှာစိုတော့နေကပူပူနဲ့ပင်ပန်းနေမှာစိုးလို့ပါဗျ...
အေးပါကွယ်...မင်းအကိုအတွက်ကြတော့ပါပြီးသူတို့တွေအတွက်မပါရင်သားကိုပြောနေတော့မှာဘဲ...
ကာကာ..အန်တီနဲ့အတူတောထဲကိုထမင်းပို့လိုက်လာခဲ့သည်။အန်တီကတော့လှည်းပေါ်မှာဘုရာစာလေးရွတ်လိုက်ကာကာနဲ့စကားလေးပြောလိုက်လှည်းမောင်းတဲ့အကိုနဲ့စကားတွေပြောလိုက်နဲ့ပါလာခဲ့ပေမဲ့ကာကာကတော့တလမ်းလုံးဟိုငေးဒီးငေးနဲ့သာလိုက်လာခဲ့သည်ကြောင့်လယ်နားလေးကိုရောက်လို့ရောက်မှန်းတောင်မသိလိုက်တဲ့အဖြစ်ပါ...
YOU ARE READING
ဧည့်သည်
Dla nastolatków................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...