အပိုင်း၃၁ကာကာနဲ့အကိုသောနဲ့လယ်ထဲကအိမ်လေးမှာခဏနားရင်းနဲ့အိပ်ပျော်သွားကြသည်။ကာကာအိပ်ရာကနိုးတော့အကိုသောကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်းမို့အကိုသောကိုမနိုးဘဲဒီတိုင်ထိုင်ကြည့်နေမိသည်။
ကာကာ..အကိုသောကိုနှလုံးသားတစ်ခုလုံးပုံအပ်ပြီးချစ်ပါသည်။ဒါပေမဲ့ကာကာကလွတ်လပ်တဲ့သူတစ်ယောက်မဟုက်တာကြောင့်ချစ်တာကိုရင်ထဲမှာသာသိမ်းထားခွင့်ရှိသည်။ချစ်ခွင့်မရှိသူတစ်ယောက်မို့...
ကာကာ..အကို့..ကိုကြည့်ပြီးမြတ်နိုးတဲ့စိတ်နဲ့နှုတ်ဖျားမှမောင်လို့တိုးဖွဖွလေးခေါ်မိသည်။အမှန်ပင်ကာကာချစ်ရတဲ့မောင်ကကာကာအချစ်တွေအားလုံးနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်နေခဲ့သည်။
.ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုအခုလိုကြည့်နေရတာကကြည်နူးချမ်းမြေ့ရတယ်ဆိုတာလက်တွေ့မို့ကာကာကျေနပ်ရပြန်သည်။
အေးချမ်းစွာအိပ်နေ
တဲ့မောင့်မျတ်နာကအပူပင်မရှိတဲ့ကလေးငယ်လေးလိုပင်ယောင်္ကျာပိသစွာချောမောတဲ့မောင့်ရုပ်ရည်ကတည်ကြည်သလိုခန့်ညားမှု့တို့ကလည်မြင်ရသူအပေါင်းကိုလည်ပြန်မကြည့်ဘဲမနေနိုင်လောက်အောင်ပင်..ချစ်ရတဲ့မောင့်ကိုကာကာလောဘကြီးစွာနဲ့အပိုင်သိမ်းထားချင်သော်လည်လောကဥပဒေနဲ့တွက်ရင်မတရားသလိုကြီးဖြစ်နေတာကြောင့်သာကာကာဒီတိုင်းကြည့်နေရခြင်းသာဖြစ်သည်။
အကယ်၍များကာကာကစိတ်အလိုလိုက်ပြီးတဇွတ်ထိုးအပြုမှုတို့လုပ်ခဲ့ပါလျှင်ချစ်ရတဲ့မောင့်အတွက်နစ်နာသွားလိမ့်မည်။
မောင့်ကိုတော့လူတကာအလယ်မှာကြာကူလီလို့လည်အပြောမခံစေချင်သလိုဒသနတောဆိုတဲ့ကံကိုလည်မထိုက်စေချင်ပါ...ကာကာကအိမ်ထောင်ရှိလူတစ်ယောက်မဟုက်ခဲ့ပေမဲ့လွတ်လပ်တဲ့သူတစ်ယောက်မဟုက်ခဲ့တာကိုကမောင့်အတွက်တိုးမဲ့ခြေလှမ်းတွေကိုနောက်ပြန်ဆုက်စေခဲ့သည်။
မောင်ရယ်....အချိန်တွေသာနောက်ပြန်ခဲ့လို့ရရင်မောင့်အတွက်ဘဲရှင်သန်နေခဲ့မှာပေါ့အခုတော့နှလုံးသားကချစ်ပေမဲ့ကျွန်တော်ကမောင့်အပိုင်ဖြစ်မပေးနိုင်လို့ကျွန်တော်ကဘဲတောင်ပန်ပါတယ်မောင်...
YOU ARE READING
ဧည့်သည်
Genç Kurgu................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...