အပိုင်း၃၄
သူငယ်ချင်းများပြန်သွားကြပြီမို့သော...ရင်ငြိမ်းအေးလေးရှိရာမင်္ဂလာဦးအခန်းလေးထဲလာခဲ့လိုက်သည်။
သောအတွက်...ရင်ငြိမ်းအေးလေးကိုပိုင်ဆိုင်ရပြီဆိုပေမဲ့အမှန်ကိုအိမ်မက်တစ်ခုလိုသာထင်နေမိတုန်းဖြစ်သည်။
သော..အခန်းထဲရောက်တော့ရင်ငြိမ်းအေးလေးကမရှိတာကြောင့်....သောရင်ငြိမ်းအေးလေးကိုလိုက်ရှာမိသည်။နောက်မှရေချိုးခန်းဆီမှရေသံကြောင့်သော...ရင်ငြိမ်းအေးလေးရှိရာကိုသိလိုက်ရသည်။
ကာကာ..ရေချိုးပြီးထွက်လာတော့မောင်ကကုတင်ပေါ်မှာထိုင်နေသည်။ရုတ်တရက်ကြီးမောင့်ကိုတွေ့လိုက်ရတော့ကာကာလန့်သွားမိသည်။မောင့်ကိုမည်သို့ပင်ချစ်တယ်ဆိုစေအုန်းတော့အခုလိုမျိုးကြီးကတော့ကာကာကျင့်သားမရသေးတာအမှန်ပါ...
သော....ရင်ငြိမ်းအေးလေးရဲ့ရေချိုးပြီးစပံးဆန်လေးကိုအရင်ကလည်မြင်ဘူးခဲ့ပေမဲ့အခုကတော့မတူညီစွာ...ကိုယ့်ရဲ့အမျိုးသားလေးကို..ပြန်ပြီးရင်ခုန်နေမိတာမျိုးမို့...
ကာကာ...ကိုယ့်ရဲ့ခန္တာကိုယ်ကိုပြန်ကြည့်မိသည်။အပေါ်ပိုင်းကအင်္ကျီမပါပေမဲ့အောက်ပိုင်ကတော့ရေလည်းပုဆိုးလေးကိုတိုတ်ိုလေးဝတ်ထားပါတယ်ဒါပေမဲ့မောင့်ရဲ့အကြည့်တွေကခါတိုင်းနဲ့မတူဘဲစူးရဲနေတာကြောင့်လှမ်းမဲ့ခြေလှမ်းတောင်တွန့်သွားမိတယ်...
ဟို....အကိုသော..ရေ..ရေချိုးမှာမို့လား
ကျွန်တော်ပြီးပြီနော်....ကာကာ..မောင့်ကိုမောင်လို့ခေါ်ချင်ပေမဲ့နေသားမကျစွာနဲ့ဘဲခေါ်နေကြအတိုင်းအကိုလို့သာခေါ်လိုက်မိသည်။
အင်း...ကိုယ်
ရေသွားချိုးလိုက်အုန်းမယ်နော်သော...ရင်ငြိမ်းအေးလေးအနားကနေမမြန်ဘဲထွက်လာခဲ့သည်။မဟုက်ရင်သောရဲ့စိတ်တွေထိန်းထားနိုင်မှာမဟုက်တော့တာမို့...
ည....၁၀နာရီတောက်ထိုးတော့မည်။
အခုထိသောနဲ့ရင်ငြိမ်းအေးလေးတို့ရဲ့မင်္ဂလာဦးလေးကဘယ်ဆီဘယ်ဝယ်အလယ်လွန်နေသည်မသိ....သောကိုယ်တိုင်ကလည်...ရင်ငြိမ်းအေးလေးကိုချစ်ပေမဲ့ဘယ်လိုစရမလည်မသိတာကြောင့်ဒီတိုင်းသာနေမိသည်။
YOU ARE READING
ဧည့်သည်
Teen Fiction................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...