အပိုင်း၁၀

24 3 0
                                    

ဧည့်သည်

အပိုင်း၁၀

သော...မန္တလာမြေကပြန်လာပြီးနောက်...ရင်ထဲမှာစွဲမြဲနေတာကရင်ခွင်တစ်ခုလုံးအေးချမ်းသွားစေတဲ့ရင်ငြိမ်းအေးလေးကိုပင်...

လွမ်းလိုက်တာကွာ...မောင့်ရင်ငြိမ်းအေးလေးကို
တောက်.....ဒီလိုမှန်းသိခဲ့ရင်ဖေဖေတို့ပြောခဲ့တုန်းကမန္တလေးမှာကျောင်းတတ်ခဲ့ရင်မောင်လည်မောင့်ရင်ငြိမ်းအေးလေးနဲ့အချိန်စောပြီးတွေ့ခွင့်ရခဲ့ရမှာ...အခုတော့ဟင်း.......

ကေသီ..တစ်ယောက်သားငယ်လေးကိုကြည့်ပြီးတစ်ခုခုဖြစ်နေမှန်းသိခဲ့ပေမဲ့သားငယ်လေးကဘာမှပြောမလာခဲ့တာကြောင့်ဒီတိုင်းသာနေခဲ့ကြည့်နေလိုက်ရသည်။

ကိုယ့်ကမိထွေးနေရာမှာနေခဲ့ရပေမဲ့မိထွေးတစ်ယောက်လိုသားငယ်အပေါ်မှာမိထွေးပီပီမနေခဲ့ပါ...သားငယ်လေးကို..ကိုယ့်ရင်သွေးလေးပမာချစ်ခင်ပေးခဲ့သည်

တစ်ဦးကမေတ္တာတစ်ဦးကစေတနာဆိုသလိုကိုယ့်ဘက်ကမေတ္တာတွေစစ်မှန်ခဲ့လို့သာ..သားငယ်လေးကလည်ကိုယ့်ကိုမိခင်တစ်ယောက်လိုမဟုက်ပေမဲ့အဒေါ်တစ်ယောက်လိုရင်နှီးချစ်ခင်ပေးခဲ့သည်သာ...

ကေသီ....သားငယ်လေးရဲ့အခန်းရှေ့ကနေထွက်လာခဲ့ပြီးခင်ပွန်းဖြစ်သူရှိရာကိုထွက်လာခဲ့သည်။

အကို.....
သားငယ်လေးမှာကိစ္စတစ်ခုခုရှိနေပုံဘဲ
ကျွန်မ..သားငယ်လေးကိုကြည့်ရတာမှုမမှန်ဘူးရှင်
နောက်ပြီး....ဟိုနေ့ကသားငယ်လေးမန္တလေးကိုသွားခဲ့သေးတယ်လို့ကျွန်မကြားခဲ့ရသေးတယ်သူနဲ့သူ့..သူငယ်ချင်းတွေပြောနေတာကို.......

အဲ့ဒါ...သားငယ်လေးမန္တလေးသွားတဲ့ကိစ္စနဲ့များဆိုင်နေမလားလို့ပါ....ကျွန်မစိတ်ထင်..သားငယ်လေးသူ့မိခင်နဲ့များတွေ့ခဲ့ရတာလားရှင်ကျွန်မစိတ်ပူလိုက်ရတာအကိုရယ်.....

မဟုက်ပါဘူး...ကေသီရယ်
သားငယ်သာ..သူ့မိခင်နဲ့တွေ့ခဲ့ရင်အကို့ကိုပြောမှာပေါ့
အကို့စိတ်ထင်..သားငယ်ရည်စားပူမိနေတာဘဲဖြစ်မယ်ကေသီ.....

ကြည့်နေကေသီ...ကေသီသားရည်စားပူမိနေတာ
မကြာဘူး...ကေသီသားမန္တလေးကိုနောက်တစ်ခါသွားလိမ့်မယ်....ကေသီသာ..မန္တလာသူချွေမလေးကိုလက်ခံနိုင်အောင်ကြိုပြီးပြင်ဆင်ထား..သိလား

ဧည့်သည်Where stories live. Discover now