အပိုင်း၂၈
သား...ကာကာလေး
ပြန်လာပြီလား....ခဏနားပြီးရေချိုးလိုက်နော်ဒါမှတနေကုန်ပင်ပန်းထားတာတွေပြေပြောတ်သွားမှာ....အော်...ကာကာလေးဒီနေ့မင်းမကိုကမြို့ထဲသွားပြီးပွဲစျေးလျှောက်မလို့တဲ့အဲ့ဒါမင်းကိုလည်လိုက်မလားလို့မေးနေတာ...ကာကာလေး..လိုက်သွားနော်ပွဲစျေးကအရမ်းစည်တယ်နောက်ပြီးတစ်နှစ်နေမှတစ်ခါဘဲကျင်ပတာလေ...ကာကာလေးစားချင်တာတွေလည်စားခဲ့ပေါ့ကွယ်...မင်းအကိုကလည်မင်းကိုလိုက်စေချင်နေတာ...အခုတောင်သူ့..သူငယ်ချင်းကခဏခေါ်သွားလို့မဟုက်ရင်မင်းအကိုကမင်းကိုသွားကြိုချင်နေတာ...ဟိုတစ်ယောက်ပြောမရလို့သာလိုက်သွားရတာလေသူ့မှာလည်တဆန့်ဆန့်နဲ့...မင်းကိုလည်အိမ်အပြန်ကိုစိတ်ချတာမဟုက်ဘူးရယ်...
ကာကာ...အရမ်းပျော်မိပါသည်။ဒါကကာကာကိုမေတ္တာစကားပြောပြီးပထမဦးဆုံးအကြိမ်ပြန်ပြီးခေါ်ပြောဖြစ်တဲ့အရာလေးတွေမို့...
နောက်ပြီးအကို့သောရဲ့စိတ်ထဲမှာကာကာကိုစိတ်မခုဘဲရှိနေပေးတာသ်ိလိုက်ရလို့လည်ကျေနပ်ပီတိဖြစ်ရပြန်သည်။ကာကာအတွက်ကတော့အကိုသောကခေါင်ရမ်းပန်လေးလိုပါဘဲ..လှလွန်းလို့ခေါင်းပေါ်ပန်ဆင်ချင်ပါသော်လည်သူ့ဂုဏ်သတ္တိတွေကြောင့်ရနံတောင်မရူရှိုက်ရဲ့တဲ့ဘဝပါ...ဒါပေမဲ့လည်ငေးကြည့်နေချင်သေးတဲ့စိတ်လေးကိုတော့ဘယ်လိုအစွမ်းတွေနဲ့များထိန်ချုပ်ထားလို့ရနိုင်ပါ့မလဲ...
ကိုယ်ကသူ့အတွက်မဟုက်ပေမဲ့သူ့ကိုတော့အနားမှာရှိနေစေချင်မိတာချစ်မိသူတို့ရဲ့အတ္တတွေဘဲနေမှာပါ...တနေ့..ကိုယ်ကသူ့အနားကထွက်သွားခဲ့ရရင်တောင်သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုတော့သိမ်းဆည်းသွားချင်သေးတာပေါ့ဒါကြောင့်....
ကာကာ...အိမ်ပေါ်ကိုတတ်လာပြီးရေဝတ်လဲရန်ပုဆိုးတစ်ထည်ကိုယူလာခဲ့ပြီးအိမ်အောက်ကိုပြန်ဆင်းလာခဲ့သည်။အရင်လိုအကိုသောနဲ့မူးချောင်းမှာရေသွားချိုးချင်ပါသော်လည်အခုကအချိန်မလောက်ငတော့တာကြောင့်အိမ်မှာရှိတဲ့ရေကိုဘဲခပ်မြန်မြန်လေးချိုးလိုက်သည်။
ကာကာ..ရေချိုးပြီးလို့အိမ်ပေါ်ပြန်တတ်မယ်လုပ်တော့အိမ်ရှေ့မှအကိုသောရဲ့ဆိုင်ကယ်သံကိုကြားလိုက်ရသည်။ဒါကြောင့်ဘဲရေဝတ်ကိုအမြန်လည်ပြီးရေစိုနေတဲ့ခေါင်းကိုလက်ဖြင့်တချတ်နှစ်ချတ်လောက်ခါလိုက်ပြီးအိမ်ပေါ်မှပြန်ဆင်းလာခဲ့သည်။မဟုက်ရင်နှလုံးသားလေးကသူ့သခင်ကိုနောက်ကြမှတွေ့စေမိလို့ဒဏ်ခတ်နေလိမ့်မည်။
YOU ARE READING
ဧည့်သည်
Teen Fiction................ဧည့်သည်........... မောင်....မင်းကငါ့အတွက်တော့ထောင်ချောက်လှလှလေးဘဲငါ့ကိုငါမသိလိုက်ခင်မှာဘဲမင်းရဲ့ထောင်ချောက်လေးထဲမှာငါပိတ်မိသွားခဲ့တယ်မောင်ရယ်.... .......ညချမ်းအလင်္ကါ အချစ်ဆိုတာဘာမှန်မသိခဲ့တဲ့ငါက ငါ့နှလုံးသားတံခါးကိုလာခေါက်တဲ့ဧည့်သည်...