စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]အပိုင်း(၁)
"လမ်းခွဲမယ်"
"ဘာလို့လဲ ကိုကို
ဘာလို့ ဒီစကားထပ်ထွက်လာရတာလဲ ဘေဘီမကြိုက်ဘူးလို့ပြောပြီးပြီလေ"သူနဲ့တွဲလာတာ ၆နှစ်ရှိပြီဆိုပေမယ့် *ကိုခန့်သုတဖြိုး* ရဲ့ စိတ်ကို သူအခုထိနားမလည်နိုင်သေး...
မထင်ရင်မထင်သလို လမ်းခွဲစကားပြောတတ်တာတော့ သူသိပေမယ့် ဒီလိုစကားတစ်ခွန်း ထပ်ထွက်လာတဲ့ အချိန်တိုင်း သူ့ရင်ကိုမီးနဲ့ထိုးသလိုနာကျင်ပူလောင်ရတာမို့ အဲ့စကားကိုထပ်မကြားချင်မိတာတော့အမှန်..."ပန်ဆုမေ... ငါမင်းနဲ့ထပ်မတွဲနိုင်တော့ဘူး
ငါခဏခဏပြောပြီးပြီဘဲဒီလောက်တွဲတာ တော်ပြီလေ""ကိုဖြိုးရယ်...ဘေဘီဘာမှားနေလို့လဲ
ဘေဘီ ကိုကိုမကြိုက်တာဘာလုပ်မိလို့လဲပြောပါဦး"ကိုဖြိုးရဲ့ လက်ကို လှမ်းကိုင်ရင်း သူငိုယိုကာ ပြောနေမိနေတာ
အခုနဲ့ဆို ဘယ်နှကြိမ်ရှိပြီလဲ ဆိုတာ သူ့ကိုယ်သူမသိတော့..."အေ့ အဲ့လို တွယ်ကပ်နေတာကိုက ငါ့အကြိုက်မဟုတ်တာ..
ငါမတွဲချင်တော့ဘူးလို့ပြောနေပြီးပြီလေ မင်းက ဘယ်လိုဖြစ်နေတာလဲ.. မင်းနဲ့ပုံစံတိုင်း လိုလို ငါမကြိုက်တာ ဟုတ်ပြီလား""ဘေဘီ ကျန်တာအကုန်ပြုပြင်နိုင်ပါတယ်ကိုကိုရယ်
ကိုကို့ကိုတော့ ဘေဘီ လက်မလွှတ်ချင်ဘူး...
ကိုကို့ကို ဘေဘီချစ်တယ်လေ
ဘေဘီ ကိုကိုနဲ့မဟုတ်ဘဲ တခြားတစ်ယောက်နဲ့ လက်တွဲဖို့ဆိုတာ မတွေးဖူးဘူး... နောက်တစ်ယောက်နဲ့လဲ ပြန် မစတင်ချင်ဘူး"သူက ငိုယိုပြီးပြောနေပေမယ့် ကိုဖြိုးကတော့ ဆေးလိပ်သောက်ပင်မပျက်... သူ့ရဲ့ခံစားချက်ကိုလျစ်လျူရှုတာ ဒါ ပထမဆုံးမဟုတ်ပေမယ့်လည်း သူ့ရင်ထဲ ခံစားရတာကတော့ ရိုးအီသွားတာမျိုးမရှိခဲ့...
"ပန်ဆု.... မင်းသဘောနဲ့မင်းနေတော့ ငါတော့မင်းကိုထပ်ပြီးမမြင်ချင်တော့ဘူး.."
သူ့လက်ကိုခါထုတ်ကာ ကားမောင်းပြီး ထွက်သွားတဲ့ ကိုဖြိုး ကို ငေးကြည့်ရင်း သူ့မျက်ရည်တွေဟာ အဆက်မပြတ်စီးဆင်လျက်...
တိုက်ခတ်လာတဲ့ လေတွေဟာ သူခံစားနေရတဲ့ စိတ် ဒဏ်ရာတွေကို သယ်ဆောင်ပေးသွားရင် ဘယ်လောက်ကောင်းလိုက်မလဲ...
YOU ARE READING
Change of heart (စစ်မှန်သောအချစ်){Completed}
Romancered flag ကောင်လေးနဲ့ အတွဲ တစ်တွဲ🚩 green flag ကောင်လေးနဲ့ အတွဲ တစ်တွဲ 🟢 အတွဲ ၂တွဲ ပါဝင်ပြီး အချစ် ၂မျိုးကို မြင်တွေ့ နိုင်မည့် ဝတ္ထုပါရှင့်❤️ (warning ပါပါသည်🚨) Red Flag🚩 "မင်း ကိုယ်မင်း နာကျင်အောင်လုပ်ရဲလုပ်ကြည့်... အဲ့လိုလုပ်ရင်လည်း ငါလွှတ်ထားမ...