Chapter - 30(warning🔞)

5.3K 71 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

(Warning ‼️🚨 ပါပါသည်)

အပိုင်း(၃၀)

ဂျပန်ရောက်ပြီး ၄ရက်တိတိ ကိုဖြိုးရဲ့ အရိပ်တောင်သူမမြင်ရ...
ညည့်နက်မှပြန်လာပြီး.. သူ့ဘေးနားဝင်အိပ်တာကိုတော့ သူသိသည်....
မနက်ကို ဘယ်အချိန် ထသွားလဲ သူမသိ...
သူနိုးလာတိုင်း ကိုဖြိုးက ရှိမနေတော့...

ကိုဖြိုး ကို သူမမြင်ရ မတွေ့ရရင် ကောင်းမယ်ထင်ခဲ့ပေမယ့်
တကယ့်လက်တွေ့ကျ လွမ်းတာလိုလို သတိရတာလိုလိုပင်...
ဒီနေ့လည်း သူနိုးလာတော့ ထုံးစံအတိုင်း ကိုဖြိုး ကိုမတွေ့...
ရေချိုးခန်းထဲ ဝင်ကာ ဇိမ်ဖြင့် ရေအကြာကြီးချိုးလိုက်ပြီး...

ပြန်ထွက်လာတော့ အိပ်ယာပေါ်မှာ အိပ်နေတဲ့ ကိုဖြိုး ကိုမြင်ကာ..
သူ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားလေသည်။
နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပျော်နေတာမို့ အိပ်ရေးပျက်ထားတာကြောင့်ဆိုတာ သူသိလိုက်သည်။

ကိုဖြိုးရှိရာကိုလျှောက်လာပြီး..ကိုဖြိုး ကို သူသေသေချာချာစိုက်ကြည့်နေမိနေသည့် အချိန်ဟာ တော်တော်ကြာသွားတာကိုတော့ သူသိပါသည်။

ဒီလို နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေတဲ့ ကိုဖြိုး ရဲ့မျက်နှာကိုစိုက်ကြည့်ပြီး... ငိုချင်လာတာနှင့် မျက်နှာလွှဲဖို့ပြင်နေတုန်း..
သူ့လက်ကိုလှမ်းဆွဲကာ... ရင်ခွင်ထဲ သွင်းလိုက်တဲ့ ကိုဖြိုးကြောင့်
သူလန့်သွားပြီး...

"ကိုဖြိုး... ဘာလုပ်တာလဲ..."

"အိပ်နေပါ... ဒီတိုင်းလေးဘဲ ကိုဖက်ထားချင်လို့...နော် ..
ငြိမ်ငြိမ်လေးနေ..."

အိပ်ယာပေါ်မှာ အိပ်ခိုင်းပြီး..ရင်ခွင်ထဲ သွင်းကာ...
တင်းကြပ်စွာဖက်ထားတဲ့ ကိုဖြိုးဟာ အရင်လိုမဟုတ်တော့ဘဲ..
နူးညံ့ ပြနေတာမို့ စိတ်ထဲနေရခက်လာကာ ထိန်းထားတဲ့မျက်ရည်တွေက ကျလာတော့သည်။

ရွှတ်....

သူ့ရင်ခွင်ကနေ ငိုသံသဲ့သဲ့ နဲ့ ရှိုက်သံ ကြားလိုက် ရတာမို့..
သားခန့် ငုံ့ကြည့်တော့...
မျက်နှာလေးမဖော်ဘဲ ငိုနေတဲ့ ပန်ဆုကိုမြင်ကာ..

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now