Chapter - 28

2.6K 55 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၂၈)

"နင့်သမီးကသာ အတင်းကပ်နေတာ
ဟိုကောင်လေးက အေးဆေးဘဲဟဲ့..
ပြီးတော့ အသက်က နင့်သမီးထက်ကြီးမှန်း သိသိသာသာကြီး..
လာလာပို့ရင် ငါတို့ ကိုယ်တိုင်မြင်ရတာပါအေ...
ငါ...ချောင်းကြည့်တာတော့မဟုတ်ဘူး နင့်သမီး ကိုက လမ်းပေါ်မှာဖြစ်ပျက်နေလို့ ငါမြင်လိုက်တာ"

ဒေါ်သိန်းတင် ​တစ်ယောက် မရပ်မနားဘဲ ကိုယ့်သမီးအကြောင်းကို ဖောက်သည်လာချနေတာမို့... ဒေါ်ခင်မာ တစ်ယောက် စိတ်ညစ်ရတော့သည်။
နဂိုက ပိုက်ဆံမရှိတဲ့ သူဆိုတော့ နှိမ်ခဲ့ကြတာလေ...
ဒါပေမယ့် သူတို့ ပြတ်လတ်နေပြီဆိုလျှင် ချေးငှားပေးခဲ့တာက ဒေါ်သိန်းတင်တစ်ယောက်တည်းသာ...
ဒါကြောင့် သိပ်ပြီး ပြန်မပြောရက်...

"သမီးပြောတာတော့ ကောင်လေးက သူ့ထက်အသက် ၃နှစ်ဘဲကြီးတာတဲ့ သူ့ကိုလည်း ချစ်တယ်တဲ့လေ"

"အမလေး အဲ့လိုဘဲပြောမှာပေါ့..
နင့်ကိုတော့ဘယ်စိတ်ဆင်းရဲစေချင်ပါ့မလဲ..
နင်လည်း စဥ်းစားပေါ့ ခင်မာရယ်...
နင့်ကျန်းမာရေးကြောင့် နင်တို့မိသားစုပြိုလဲသွားတုန်းက..
နင့်သမီးဘဲ လုပ်ကျွေးလာခဲ့တာလေ.. နှစ်ချီကြာလာတော့လည်း ရိုးရိုးသားသားနဲ့ ဘယ်လုပ်ကျွေးနိုင်ပါ့တော့မလဲ...
ငါပြောချင်တာ နင်သိမှာပါ... ငါကနင်တို့ပြိုလဲတဲ့အချိန်ရော ပြန်ရပ်တည်နိုင်တဲ့ အချိန်တွေမှာရော အတူတူ ရှိနေခဲ့တာလေ..
အဲ့တော့ ငါက နင့်သမီး ကို ကိုယ့်သမီးလိုသဘောထားပြီး ပြောတာ..
အဲ့လိုမဟုတ်တာတော့မလုပ်စေချင်ဘူး ငါ့စေတနာကိုနင်သိမှာပါ..."

ဒေါ်သိန်းတင်ပြောတာကိုနားထောင်ကြည့်တော့လည်း ငြင်းရက်စရာမရှိ... ကိုယ့်သမီးကို ကောင်းစေချင်လို့ပြောတာဆိုတော့လည်း...
စိတ်မဆိုးရက်...
မဖြစ်ပါဘူး သမီးကို နားချမှဖြစ်ပါတော့မယ်...
ကိုယ့်ကြောင့်နဲ့ သမီးကိုတော့ အဲ့လို အတန်းစားမျိုးမဖြစ်စေချင်ဘူး..

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

"ငြိမ်းသူ...လာဦး"

အလုပ်သွားခါနီးကျမှ မေမေက အိပ်ခန်းထဲကနေ လှမ်းခေါ်ခဲ့တာမို့
မေမေ့အခန်းထဲဝင်သွားကာ..

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now