စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]အပိုင်း(၁၇)
အလုပ်ရှုပ်လွန်းလှတာကြောင့် ငြိမ်း နေ့လည်စာပင်မစားဖြစ်..
မနက်ကစားထားသည့် Coffee တစ်ခွက်တည်းနှင့်သာ တောင့်ခံထားရလေသည်။"ငြိမ်းရယ် နင်မှားတာလည်းမဟုတ်ဘဲ.. အမှားလုပ်တဲ့ကလေးကိုပြန်ခိုင်းလည်းရရဲ့သားနဲ့"
"ရပါတယ် မမသီရယ် ငြိမ်းရဲ့လက်အောက်က ကလေးလုပ်တာမှားတာဘဲ ငြိမ်းမှာတာဝန်ရှိတယ်လေ"
"နေ့လည်စာတောင်မစားဘဲ နင် တင်ပြချက်ရေးနေတာတော့ လွန်တာပေါ့ ခဏနားဦးဟ"
"ပြီးတော့မှာ မမသီ..ခဏဘဲ"
"ညနေ ၅နာရီထိုးပြီနော်...ခဏလေး တွေ ဘာတွေ လုပ်မနေနဲ့ဦး
သူများတွေ အလုပ်ဆင်းပြီ""ငြိမ်းလည်း ဆင်းတော့မှာ ဒါပြီးရင်ဆင်းပြီ မမသီ
ငြိမ်းကိုမစောင့်နဲ့တော့ ""ပြီးရောအေ..."
သူ့ကိုပြောမရတော့တဲ့ အဆုံး လက်လျော့ပြီးပြန်သွားတဲ့ မမသီရဲ့ မျက်နှာကိုတောင် သူသေချာမကြည့်အား...
ဘေးမှာထိုင်နေတဲ့ သူ့လက်အောက်က ကောင်မလေးက မျက်နှာငယ်လေးဖြင့် ထိုင်နေတာကို သူရုတ်တရက်ကြည့်မိလိုက်တော့.."ဝေဝေ စိတ်မကောင်းဖြစ်မနေနဲ့တော့...
နင် အခု စိတ်မကောင်းဖြစ်နေလို့ရော နင့်အမှားက အမှန် ပြန်ဖြစ်သွားမှာမဟုတ်ဘူးနော်... နင့်အမှား ကို ခေါင်းထဲထည့်ထား ပြီးရင်
နောက်မဖြစ်အောင်ဂရုစိုက် ဘယ်သူကမှ အမှားနဲ့မကင်းဘူး...
ဟုတ်ပြီလား မငြိမ်း ဒါကို အပြီးလုပ်လိုက်မှာမို့ နင် အလုပ်ဆင်းတော့...
ညကို စောစောအိပ် မနက်ဖြန် မနက်ကျ တက်တက်ကြွကြွနဲ့ လာတာကို မငြိမ်း မြင်ချင်တယ် ဟုတ်ပြီလား...""ဟုတ်မမငြိမ်း နောက်မဖြစ်စေရဘူးနော်"
သူခေါင်းသာငြိမ့်ပြလိုက်ပြီး ဝေဝေပြန်သွားတာကိုလည်း သူဂရုမစိုက်မိလိုက်တော့ဘဲ အလုပ်ကိုသာ အာရုံစိုက်နေလိုက်တော့သည်။
အမှားပါမှာစိုးတာကြောင့် ၃ခေါက်လောက်စစ်ကြည့်ပြီးတာနှင့် ...
အညောင်းဆန့်လိုက်ကာ နာရီကို တစ်ချက်ကြည့်လိုက်တော့ ၇နာရီပင်ထိုးနေလေပြီ...
YOU ARE READING
Change of heart (စစ်မှန်သောအချစ်){Completed}
רומנטיקהred flag ကောင်လေးနဲ့ အတွဲ တစ်တွဲ🚩 green flag ကောင်လေးနဲ့ အတွဲ တစ်တွဲ 🟢 အတွဲ ၂တွဲ ပါဝင်ပြီး အချစ် ၂မျိုးကို မြင်တွေ့ နိုင်မည့် ဝတ္ထုပါရှင့်❤️ (warning ပါပါသည်🚨) Red Flag🚩 "မင်း ကိုယ်မင်း နာကျင်အောင်လုပ်ရဲလုပ်ကြည့်... အဲ့လိုလုပ်ရင်လည်း ငါလွှတ်ထားမ...