Chapter - 35

2.9K 63 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၃၅)

"မင်းတို့ရှာနေကြတဲ့ ကောင်မလေးတွေဘဲ ဖြစ်လောက်တယ်ထင်တယ် အဲ့ဒါဆိုတော့ ဦးလေးပြန်တော့မယ်ဟေ့"

"ဟုတ်ကဲ့ ဦးလေး
ကျေးဇူးပါဗျ"

အုပ်ချုပ်ရေးမှုးအိမ်မှာလည်းသူဘဲ စကားပြောဆိုရပြီး
အခု ဦးလေး ကိုလည်း သူဘ စကားစမြည်ပြောရလေသည်။
အောင်သူကတော့ တစ်ခွန်းမျှပင်မဟ...

"ကိုဖြိုး ဘာကိစ္စရှိလို့လဲဟင်"

"ဘာကိစ္စဖြစ်မယ်လို့ မင်းထင်လဲငြိမ်း"

ငြိမ်းသူတစ်ခွန်းမျှပြန်မဖြေဖြစ်တော့...
ကိုအောင်သူကလဲ သူ့ကိုသေချာပင်မကြည့်..

"အိမ်ထဲဝင်ခဲ့လေ..."

အထုပ်တွေသယ်ပြီး အိမ်ထဲဝင်လာတော့..
ဧည့်ခန်းထဲမှာလည်း ဘယ်သူမှမရှိ... သားခန့်ကတော့ ပန်ဆုကိုသာ လိုက်ရှာနေမိလေသည်။

"ပန်ဆုရော..."

"အခန်းထဲမှာ ကိုဖြိုး...
အိပ်နေပြီထင်တယ်"

ငြိမ်း လက်ညှိုးထိုးပြတဲ့ အခန်းထဲကို သားခန့် ခြေဖွဖွလေးလျှောက်ကာဝင်သွားလေသည်။

ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ ပန်ဆုကို မြင်တော့ ငိုချင်စိတ်က တဖွားဖွား...
ဒီလို နုနုထွတ်ထွတ် ကောင်မလေး ကို သူ ဘာကြောင့်များ လက်ပါမိလိုက်ရတာလဲ...
ငိုပြီးအိပ်ပျော်ထားမှန်းသိသာသည်။ မျက်တောင်ကော့ကော့လေးတွေမှာ မျက်ရည်တွေကြောင့် စိုလျက်...

မျက်နှာပေါ်ကိုကျနေတဲ့ ဆံပင်တွေကို နားနောက်ကိုဖယ်ပေးနေရင်းကနေ... မျက်ရည်တွေက ထိန်းမရအောင်ကျလာလေပြီ...

ချစ်လွန်းလို့ပါ ပန်ဆုရယ်...
ကိုမင်း ကို ချစ်လွန်းလို့ပါ....
ကိုမင်း ကို မဆုံးရှုံးချင်လို့ပါ...

အိပ်စက်နေတဲ့မျက်ဝန်းတစ်စုံကာ ပွင့်လာလေပြီ...
သူ့ကို သေချာစိုက်ကြည့်နေရင်းကနေ... ကောက်ထလိုက်ပြီး...

ဖြန်း....

"ဘာလာလုပ်တာလဲ သွား!!"

နိုးလာတာနှင့် သူ့ကို ရိုက်ချခဲ့တာမို့... စိတ်မကောင်းတော့ဖြစ်မိပါရဲ့...
ပန်ဆုရဲ့လက်ကို လှမ်းကိုင်တော့ သူ့ရဲ့လက်ကို ဖယ်ထုတ်လေသည်။
အခုလို ရွံရှာသလို ပုံစံလုပ်နေတာက သူ့ရင်ကို ဓားနဲ့မွှန်းနေသလိုလိုပါဘ​ဲ..

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now