Chapter - 31

3.6K 62 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၃၁)

"ကိုကို... နောက်အပတ်ကျ ကိုစည်သူအားတယ်တဲ့
ပန်ဆု သွားတွေ့ပြီး အကျိုးအကြောင်းပြောလိုက်တော့မယ်နော်"

"အလုပ်ပြန်ဝင်ဖို့မကြံနဲ့ ပန်ဆု"

မနက် နိုးလာကတည်းက သူ့နားမကပ်ဘဲ ဆိုဖာပေါ်မှာသာထိုင်ပြီး
အလုပ်လုပ်နေတဲ့ ကိုဖြိုးဆီက စကားကို ပန်ဆု သိပ်နားမလည်တာနှင့်.

"ကိုကို ကိုယ်တိုင်ဘဲ ဘေဘီ့ကို ခွင့်ပြုခဲ့တာလေ"

"ခွင့်ပြုပေးတယ်ဆိုတိုင်း လုပ်ခိုင်းတာမှမဟုတ်တာ..
ငါပြောတဲ့ စကားတိုင်း မင်း အတည်ယူစရာလား...
တခါတလေလည်း လိမ်ညာတာတွေတော့ ပါမှာပေါ့"

ပန်ဆု အရမ်းအံ့သြသွားတာကြောင့် ဘာစကားမျှပင် ထွက်မလာတော့ဘဲ ဒီတိုင်း မှင်သက်ကာ ကိုဖြိုး ကိုစိုက်ကြည့်နေမိလေသည်။

အတွေးထဲမှာလည်း မနေ့ညက ကိုဖြိုး..​ပေး ခဲ့ဖူးတဲ့ ကတိနှင့်
သူ့ကို အတန်တန်ပြောခဲ့သော 'ချစ်တယ်' ဆိုသည့် စကားများသာ...

ဒါတွေက လိမ်ညာမှုတွေဘဲလား...
အကုန်လုံး သူ့ကိုလိမ်ညာခဲ့တာလား...
ရင်ထဲ နာကျင်မှုတွေကြောင့် သူ့ရဲ့ရင်ဘတ်တွေပင် အောင့်လာရလေသည်။

သူ့ကို နှစ်ချီပြီး စိတ်ဆင်းရဲမှု ပေးခဲ့ရုံသာမကဘဲ
အခုတော့ သူ့ကိုလိမ်ညာပြီးတော့ပါ သူ့ရဲ့ ဘဝကို အချိုသတ်ပြီး ယူသွားခဲ့လေပြီ...
ဘာကြောင့်များ.. ဘာကြောင့်များ... သူ့အပေါ် ဒီလိုလုပ်နိုင်ရက်တာလဲ...

"ဘုတ်..."

"ပန်ဆု...!!"

မှန်တင်ခုံမှာထိုင်နေရင်းကနေ မေ့လဲကျသွားတဲ့ ပန်ဆုကို သူစိုးရိမ်တကြီးဖြင့် အနားနားသို့ အမြန်ပြေးသွားကာ...
အိပ်ယာပေါ် ကိုတင်ပေးလိုက်ပြီး... သူမန်နေဂျာကိုဖုန်းဆက်ကာ ဆရာဝန် ချက်ချင်းငှားပေးဖို့ ပြောလိုက်လေသည်။

ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...

ဆရာဝန်ရောက်လာပြီး သေချာစမ်းသပ်ကာ ဆေးထိုးပေးပြီးတာနှင့် ပန်ဆု ရဲ့ ​အခြေအနေကိုမေးကြည့်တော့...

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now