Chapter - 37

2.7K 46 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၃၇)

အောင်သူနဲ့ သူနဲ့က တစ်ခန်း ပန်ဆုနဲ့ငြိမ်း ကိုက တစ်ခန်းနေခိုင်းလိုက်ကြလေသည်။ ပန်ဆုရဲ့စိတ်အခြေအနေကို စိုးရိမ်တာကြောင့် ထိုအခန်းကနေ ထွက်ပေးခဲ့ခြင်းသာ...

"သားခန့်... မင်းရှေ့ဆက်ဘယ်လိုလုပ်မလဲ"

"ဒီအရပ်မှာဘဲ အုတ်ဂူ ချချင်ရရပါစေ သူ့ကို နည်းနည်းလေးမှမစွန့်လွှတ်နိုင်ဘူး"

စိတ်မာတဲ့ကောင်ကဒီလိုနေရာကျ အသုံးကျသား...
သို့ပေမယ့်လည်း ပန်ဆုရဲ့နာကျည်းမှုနဲ့ဆိုရင် အဆင်ပြေနိုင်ပါ့မလား... ကိုယ်တစ်ချိန်က ချစ်ခဲ့တဲ့ သူကို သွေးထွက်သံယိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့ နည်းနည်းနောနော စိတ်နာနေခြင်းတော့မဟုတ်...

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

"ပန်ဆု နင်ကလဲဟယ် နင့်စိတ်ကိုလျော့ပါဦး
ဘာလို့ အဲ့လိုလုပ်ရတာလဲ.. ကိုဖြိုး ခေါင်းပေါက်သွားပြီ"

သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒေါသထွက်လွန်းတာကြောင့် ပေါက်မိလိုက်ခြင်းသာ.. အဲ့လောက်အထိဆိုးသွားမယ်လို့လည်းမထင်ထားခဲ့...

"သူ့ဖုန်းwallpaper မှာ ဘာပုံထားထားသလဲနင်သိလား"

ငြိမ်းခေါင်းခါပြလိုက်တော့...

"ငါ ရေကူးကန်ကနေ တက်လာတဲ့ အခါ သူရိုက်ထားတာ...
Bikini ဝတ်စုံနဲ့ .. သူ ငါ့အပေါ် တဏှာသီးသန့် ဘဲ ဆိုတာ...ငါသိတယ်.. "

ငြိမ်းပြောစရာစကားမရှိတော့...အရင်တုန်းက သမီးရည်းစားတွေမို့ ဝင်ပြောလို့ကောင်းပေမယ့် အခုကျလင်မယားကြားဆိုတော့ ဝင်ပြောလို့မကောင်းတာနှင့် ငြိမ်နေရတော့သည်။

"မငိုတော့နဲ့... အိပ်ကြရအောင်...နင့်စိတ်ကိုတော့လျော့ပါဟာနော်"

ဘာမှပြန်မဖြေဘဲ အိပ်သာအိပ်နေတော့သည်။
မလွယ်ပါဘူး...ဒီ ၂ယောက်ကြားနေရတာ တကယ်မလွယ်လှပါဘူး..
သူဖြစ်တာဘဲ သူသိတဲ့သူနဲ့...
အတင်းအကြပ်လာလုပ်လို့ စိတ်နာနေတဲ့ သူနဲ့...
မလွယ်လှပါဘူးနော်...

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

"မင်း အဆင်ပြေပါ့မလား...
အလုပ်တွေပစ်ပြီးလာခဲ့တာဆို မင်းမန်နေဂျာ ခုနက ငါ့ကိုဖုန်းဆက်တယ်"

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now