Chapter - 34

2.8K 63 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၃၄)

ပန်ဆု တို့ ရောက်နေတဲ့ရွာက အရမ်းကြီးတော့ တောမကျ...
အေးချမ်းပြီး...ကားသံတွေ သိပ်မကြားရ... အပူကိုယ်စီနဲ့မို့.. စကားလမ်းတောင်မပေါက်ကြ...

သူတို့ ရောက်လာတာနှင့် ငြိမ်းရဲ့ အမျိုးတွေက ဖော်ဖော်ရွေရွေ ကြိုဆိုကာ... သူတို့အတွက် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံလေသည်။

"မရောက်တာဖြင့် နှစ်ပေါက်နေပြီ ငြိမ်းငြိမ်းရယ်
တီလေးတို့ကဖြင့် မျှော်နေတာ.. ညည်းအမေက မလာခိုင်းတာများလားဆိုပြီး.. ငါတို့က စိတ်တိုနေတာ"

"မဟုတ်ဘူး...တီလေးရဲ့ မေမေက လာခိုင်းတယ် ငြိမ်းမအားတာနဲ့မလာဖြစ်တာ..."

"အခုတော့ အားပြီပေါ့..."

အမှန်အတိုင်းပြောလို့က မကောင်းဆိုတော့ ခေါင်းဘဲငြိမ့်ပြလိုက်ရတော့သည်။

"ငြိမ်းငြိမ်းပြောပြောနေတဲ့ သူငယ်ချင်းဆိုတာလား"

"ဟုတ်တယ် ပန်ဆုမေတဲ့ တီလေး... သူကတော့ သူ့ယောက်ျားနဲ့ စကားများပြီး လိုက်လာခဲ့တာ"

သူများအကြောင်း ကိုကျ ဖောက်သည်ချပြီး သူ့အကြောင်းကို ဖောက်သည်ချရင်ဖြင့် ဒေါသဖြစ်ဦးမည်..
တွေ့မယ် ငြိမ်း... နင်နဲ့တော့တွေ့ဦးမယ်...

"အယ်... ဟုတ်ပါပြီ...တီလေးက အပျိုကြီးဆိုတော့ ဒါတွေ မသိဘူးလေ..."

"ဟားဟား....တီလေးကတော့လေ"

"ဒါနဲ့ တီလေးတို့နဲ့နေမှာလား...သပ်သပ်နေမှာလား"

"သပ်သပ်အိမ်ငှားနေမှာ တီလေး
လုံးချင်းအိမ်လေးရှာပေးပါလား... တိုက်ပုအိမ်လေးဖြစ်ဖြစ်...
သူဌေးသမီး လေး ပါလာတာဆိုတော့ တိုက်နဲ့မှဖြစ်မှာ"

"နင်နော် ငြိမ်း... ငါ့ကိုချည်းဘဲ ဖဲ့ဖဲ့နေတယ်..
ရတယ်...တီတီ.. ပန်ဆုက ဘယ်လိုအိမ်ဖြစ်ဖြစ် အဆင်ပြေပါတယ်"

"အေ့ပါကွယ် ဟုတ်ပြီဟုတ်ပြီ"

နေ့တစ်ဝက်ချိုးတာနှင့် အိမ်က ရသွားလေပြီ...
ငြိမ်းပြောသလို တိုက်ပုလေးပါဘဲ... ရွာအစွန်းရောက်ပေမယ့်..ပန်ဆုကတော့ သဘောကျသည်။

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now