စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]အပိုင်း(၃)
လွန်ခဲ့တဲ့ ၆နှစ်ကငြိမ်းသူ တောင်းခဲ့တဲ့ ဆုတောင်းဟာ အခုထိမပြည့်သေး...
အချစ်စစ်ဆိုတာ တကယ်မရှိရုံတင်မက ဘုရားဆိုတာ တကယ်ဘဲမရှိတာလားဆိုတဲ့ သံသယ ပါ ဝင်လာခဲ့လေပြီ..
မဟုတ်တာလုပ်နေတဲ့ သူကိုတော့ ဒီတိုင်းလွှတ်ထားပြီး တကယ်ချစ်မြတ်နိုးပေးနေတဲ့ ပန်ဆုကိုတော့ ခံစားရအောင်ဆိုပြီး ဘာကြောင့်ကြည့်နေရက်တာပါလဲ ဆိုပြီးမေးကြည့်ချင်မိပါသည်။"ပန်ဆု နင်နဲ့ငါ ခရီးထွက်ရအောင် ကမ်းခြေဖြစ်ဖြစ် နိုင်ငံခြားကိုဖြစ်ဖြစ်"
စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါ်ခြင်းပင်...
"ဟင်း.. ဘာလုပ်မှာလဲ ငြိမ်းရယ်...ငါအဲ့တာတွေစိတ်မဝင်စားပါဘူး
နင်သွားချင်ရင်သွားလေ""စိတ်မဝင်စားဘူးလို့မပြောပါနဲ့ နင် ကိုဖြိုးနဲ့မဖြစ်ခင်တုန်းကဆို
နိုင်ငံတကာပတ်ပြီး ခရီးတွေလျှောက်ထွက်နေတာပါ... နင်စိတ်မဝင်စားဘူးလို့တော့မပြောစမ်းပါနဲ့ဟယ်"ခရီးထွက်ရတာ သူ့ရဲ့ ဝါသနာ...
အခုတော့ ကိုဖြိုးနား နေရတာနဲ့တင် သူ့ရဲ့ဝါသနာကိုမေ့နေလေပြီ...
ခရီးသွားချင်စိတ်မရှိတော့တာ ကိုဖြိုးနဲ့တွဲပြီးနောက်ပိုင်းကတည်းကပင်...
ကိုဖြိုးနဲ့ မတွဲခင် တုန်းက သူ့ရဲ့ အလုပ်က လေယာဥ်မယ်ပင်..
လေယာဥ်မတက်ရတဲ့နေ့ဆိုရင်လည်း ခရီးကထွက်ပြီးသား...
ခရီးသွားရတာ ဝါသနာပါတာကြောင့် ဒီလမ်းကိုလျှောက်ခဲ့ပေမယ့်..
အခုတော့ သူ့ရဲ့ ဝါသနာကိုတောင်မေ့မေ့ပျောက်ပျောက်ဖြစ်နေလေပြီ..."နင် လေယာဥ်မယ်ပြန်လုပ်ပါလားပန်ဆု"
"တော်ပါပြီ မလုပ်ချင်ဘူး... ငါလေယာဥ်တက်ရတဲ့ အချိန်ဆိုကိုဖြိုး ကိုဘယ်သူဂရုစိုက်ပေးမှာလဲ ငါစိတ်မချဘူး"
"ဟဲ့... ဟိုက အသက် ၃၀ ရှိနေပြီ သင်္ချိုင်းကုန်း ကိုခြေတစ်လှမ်းလှမ်းနေတဲ့ အရွယ်ရောက်နေပြီသိလား.. သူ့ဟာနဲ့ သူဂရုစိုက်နိုင်တယ်..
နင့် ကိုသူမလိုဘူး"ရည်းစား ကို ဖူးဖူးမှုတ်ချစ်နေတဲ့ သူငယ်ချင်းကို ငြိမ်းသူ တော်တော်လေး ဒေါသထွက်လာလေသည်။ ကိုယ့်အတွက် ကိုယ်မကြည့်ဘဲ အမြဲ သူ့ရည်းစားအတွက်ဘဲ ကြည့်နေတာကြောင့် ငြိမ်းသူရဲ့ ဒေါသ ကို မနည်းထိန်းထားရတာက နေ့တိုင်းလိုလိုပင်...
YOU ARE READING
Change of heart (စစ်မှန်သောအချစ်){Completed}
Romancered flag ကောင်လေးနဲ့ အတွဲ တစ်တွဲ🚩 green flag ကောင်လေးနဲ့ အတွဲ တစ်တွဲ 🟢 အတွဲ ၂တွဲ ပါဝင်ပြီး အချစ် ၂မျိုးကို မြင်တွေ့ နိုင်မည့် ဝတ္ထုပါရှင့်❤️ (warning ပါပါသည်🚨) Red Flag🚩 "မင်း ကိုယ်မင်း နာကျင်အောင်လုပ်ရဲလုပ်ကြည့်... အဲ့လိုလုပ်ရင်လည်း ငါလွှတ်ထားမ...