Chapter - 18

2.9K 64 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၁၈)

ကိုဖြိုးပြန်မလာခင် မေမေ့ဆီကို ပန်ဆု လာခဲ့လိုက်လေသည်။
သူ့ရဲ့အဖြစ်အပျက်ကိုလည်း မေမေသိလျက်သားနဲ့ ခွင့်ပြုလိုက်တာလား..
မေမေဟာ အရာရာမှာသူ့ထက်  စဥ်းစားတတ်တဲ့ သူမို့ လွယ်လွယ်လေး ခွင့်ပြုခဲ့တာမဟုတ်ဘူးဆိုတာ သူသိသည်။
ပန်ဆု နာကျင်ပါစေ ဆိုတဲ့ စိတ်နဲ့ ခွင့်ပြုခဲ့မှာတော့မဟုတ်...
ကိုဖြိုး ဘယ်လိုတွေပြောလိုက်လို့များ ခွင့်ပြုလိုက်ရတာလဲ...
သိချင်စိတ်အများအပြားဖြင့် အိမ်ထဲ ဝင်လာတော့ စာဖတ်နေတဲ့ မေမေ့ကို သူမြင်လိုက်လေသည်။

သူ့ကိုမြင်တာနှင့် ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး...

"မလာတာတောင်ကြာပြီနော် သမီး...
မေမေက မျှော်နေတာ..."

ပုံမှန်လိုဘဲပြောဆိုနေတာမို့ ကိုဖြိုး လာပြောထားတယ်ဆိုတာ လိမ်နေတာများလား... မဟုတ်ဘူး...သူသိတဲ့ ကိုဖြိုးက လိမ်ညာပြောတတ်တဲ့ သူမဟုတ်ဘူး...

"မေမေ...နေကောင်းတယ်မလား"

"ကောင်းပါတယ်ရှင်..."

မေမေ့ဘေးနားဝင်ထိုင်လိုက်ပြီး မျက်နှာအရိပ်အကဲခတ်လိုက်တော့လည်း ပုံမှန်ပါဘဲ.. ဘာမှထူးခြားနေတာရယ်လို့မရှိ..

မျက်မှန်အပေါ်ကနေ သူ့ကိုကြည့်ခဲ့တဲ့ မေမေ့ရဲ့အကြည့်ဟာ
သူအကဲခတ်နေတာကို သိနေတယ်ထင်ပါရဲ့...

"မေမေ့ကို ပြောစရာရှိလို့လား"

"မေမေရော သမီးကိုပြောစရာရှိလား"

"မေမေက ပြောစရာတွေ အများကြီးရှိတာပေါ့ သမီးကိုမတွေ့ရတာတောင်ကြာပြီဘဲလေ "

မေမေပုံမှန်လို ဖြစ်နေတာကြီးကြောင့် ပန်ဆုရင်ထဲ နေလို့မကောင်းတော့...

"အရေးကြီးပြောစရာမျိုးမရှိဘူးလား မေမေ"

ဟင်း...
မေမေဟာ သက်ပြင်းချလိုက်ပြီး...သူ့ကို သေချာစိုက်ကြည့်ရင်းကနေ..

"မေမေ့ဆီက သမီးဘာကြားချင်တာလဲ...
သားခန့် နဲ့ သမီးတို့ကိစ္စ အကြောင်းလား"

ကြည့်...တွေ့လား မေမေ သိနေခဲ့တယ်...
အဲ့တာကို မသိသလို ဟန်ဆောင်နေနေတယ်...
အခုလို မေမေ့လုပ်ရပ်ကြောင့် ပန်ဆု ငိုချင်စိတ်က အပြည့်ပေါ်လာလေသည်။

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now