Chapter - 4

3K 61 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၄)

"မလာဘူးလို့ ကျွန်တော်ထင်ထားတာ"

ပန်ဆု ထိုင်ခုံနားပင်မထိုင်ရသေး...
အနီးနားနားရောက်လာတာနှင့် လှမ်းပြောတဲ့ ထိုလူရဲ့ အပြုံးနှင့် အသံဟာ သူ့ကို စွဲဆောင်လာလေပြီ...

ထိုလူရဲ့ မျက်နှာချင်းဆိုင်နားထိုင်လိုက်ပြီး...

"ကျွန်မလာမယ်လို့ ပြောလိုက်တယ်လေ..
ကျွန်မစကားတော့ ကျွန်မတည်ပါတယ်"

ခန့်သုတဖြိုးဆိုတဲ့ ထိုလူ ကိုကြည့်လိုက်တော့..
အပြုံးတွေနှင့် သူ့ကိုစိုက်ကြည့်နေလေသည်...
လက် ကပိုက်ထားသေးတာ...

"ဟင်း..."

သူ့ကိုကြည့်ပြီး ပြုံးနေရုံသာမက ဟင်းခနဲမြည်အောင်ရီနေတာမို့ ပန်ဆု မျက်နှာရှုံ့လိုက်မိလိုက်သည်။ သူ့မျက်နှာမှာများ တစ်ခုခုပေနေ လို့များလားဆိုပြီး  သူ့မျက်နှာကို ကိုင်ကြည့်တော့...

"ဆု မျက်နှာမှာ ဘာမှမပေနေပါဘူး"

"ဒါဆို ဘာလို့ ရီတာလဲ"

"သဘောကျလို့"

"ရှင်....."

သဘောကျလို့ ဆိုတဲ့ စကားဟာ လေးလေးနက်နက်ပြောလာမှန်း
ပန်ဆုသိလိုက်လေပြီ။သို့သော်ချက်ချင်း မယိမ်းယိုင်သွားအောင် သူ့ခံစားချက်ကို သူထိန်းထားဆဲ...

"ခင်ဗျားလေး ကို အရမ်းသဘောကျနေမိလို့ ...
ဘယ်လိုလုပ်ရမလဲ ပြောဦး"

ပန်ဆု...မျက်နှာလွှဲလိုက်ကာ.. ရှေ့က ဖျော်ရည် ကို ငုံ့သောက်ပြီးနေနေလိုက်သည်။

"ဒါ ကျွန်တော့ business card ပါ..."

ကမ်းပေးလာတဲ့ လုပ်ငန်းကဒ်ကို လှမ်းယူပြီးကြည့်လိုက်တော့...

[ Oo Khat Thuta Phyo
*Z* Company founder
*J* Company founder
09-×××××××
........]

ကုမ္မဏီ ပိုင်ရှင်တစ်ယောက်ကိုး...
ကုမ္မဏီ ၂ခုကို စီမံနေတဲ့ သူမို့ အသက်ကြီးမည်ဟု ခန့်မှန်းလိုက်ပြီး..
ထိုလူ ကို တစ်ချက်လှမ်းကြည့်လိုက်တော့...
မျက်ခုံး ပင့်ပြကာ ပြုံးခဲ့ပြီး...

"သြော်... ဦးခန့်သုတဖြိုးဆိုလို့ အသက်ကြီးနေပြီထင်နေတာလား"

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now