စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]အပိုင်း(၂၉)
ကျယ်ဝန်းလှတဲ့ ခြံ.. ခန်းနားလှသည့် အိမ်...
အဲ့ဒီ ခြံဝင်းကျယ်ကြီးထဲမှာ ကို အိမ်ချည်းဘဲ ၃အိမ်လောက်ရှိသည်။
ခြံတံခါးကနေ အိမ်အထိရောက်အောင် အတော်အတန်ကြာအောင်မောင်းရသေးသည်။ကားဆိုက်လိုက်တာနှင့် ကားတံခါးလာဖွင့်ပေးတဲ့ လူတွေက သပ်သပ်ရှိပြီးသား...
"သားသားခန့် .."
"ဟာ ဦးသိန်း... ပြန်ရောက်လာပြီလား..
ကျွန်တော်က နောက်ထပ် ၁လလောက်ကြာဦးမယ်ထင်တာ"ကိုအောင်သူကို ရိုရိုကျိုးကျိုး ဆက်ဆံနေသည့် သူက အသက် ၄၀ကျော်လောက်ရှိသည့် သူပင်...
ကိုအောင်သူအိမ်မှာ အလုပ်လုပ်သည့် သူထင်ပါရဲ့.."ဦးလေးရဲ့ သမီးလည်းနေကောင်းပြီဆိုတော့ ပြန်ခဲ့လိုက်တော့တာ..
သားသားခန့်လည်း ဦးလေးကိုလွမ်းနေမယ်ထင်လို့လေ ဟား..ဟား""ဟား ဟား.. ဦးသိန်းကတော့ ပြောတတ်တယ်..
လွမ်းတာတော့လွမ်းမိသားဗျ..."ကိုအောင်သူဟာ သူ့ရဲ့ အလုပ်သမားတွေနဲ့လည်း ဒီလိုဖော်ရွေဆက်ဆံတတ်တာကိုး..
စကားနည်းပြီး အေးဆေးနေတတ်တဲ့ သူက အခုလို နွေးနွေးထွေးထွေးဆက်ဆံပေးနေတာမြင်တော့ ငြိမ်းပီတိဖြစ်မိပေမယ့်...
ကိုအောင်သူဟာ သူ့ကို သနားတဲ့စိတ် ကြောင့်... ခင်မင်မိတာကို ကိုအောင်သူက အချစ်လို့ထင်နေမိတာများလားဆိုတဲ့ အတွေးတွေက ပြန်ပေါ်လာပြန်လေသည်။"ဒါ ကျွန်တော့်ကောင်မလေးလေ ဦးသိန်း.."
"ဟာ...နောက်ဆုံးတော့ ခေါ်လာပြီပေါ့"
"ဒါပေါ့ဗျ"
"ဦးလေးတို့ အဒေါ်တို့လည်းစောင့်နေပြီ မြန်မြန်သွားလိုက်တော့ သားသားခန့်"
"ဟုတ် ဦးသိန်း.."
ငြိမ်းရဲ့ လက်ကို လှမ်းဆွဲပြီး...အိမ်ထဲ ကိုခေါ်ဆောင်လာခဲ့တဲ့ ကိုအောင်သူ ရဲ့နောက်ကျောကို ကြည့်ရင်း ငိုချင်စိတ်ကိုမနည်းထိန်းထားလျက်....
"ဦးကောင်းရေ.. ကျုပ်တို့ ချွေးမလေး လာပြီ"
"ဟေ...ကြည့်စမ်း... မင်းရဲ့သားလျှောက်ပြောတယ်ထင်နေတာ
တကယ်ကြီး ကိုး... အဲ့ကောင် အနေအေးလွန်းလို့ ဒီတစ်သက်မိန်းမမယူတော့ဘူးထင်ထားခဲ့တာ... တော်သေးတယ်ကွ... "
YOU ARE READING
Change of heart (စစ်မှန်သောအချစ်){Completed}
Romancered flag ကောင်လေးနဲ့ အတွဲ တစ်တွဲ🚩 green flag ကောင်လေးနဲ့ အတွဲ တစ်တွဲ 🟢 အတွဲ ၂တွဲ ပါဝင်ပြီး အချစ် ၂မျိုးကို မြင်တွေ့ နိုင်မည့် ဝတ္ထုပါရှင့်❤️ (warning ပါပါသည်🚨) Red Flag🚩 "မင်း ကိုယ်မင်း နာကျင်အောင်လုပ်ရဲလုပ်ကြည့်... အဲ့လိုလုပ်ရင်လည်း ငါလွှတ်ထားမ...