စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]အပိုင်း(၂)
"စောက်ပြဿနာပေါင်းစုံနဲ့ ကြာရင် ငါ သေတော့မှာ"
အိမ်ကိုရောက်ချလာပြီး ငြီးငြူနေတဲ့ ခန့်သုတဖြိုးရဲ့ စကားတွေကို တစ်ထိုင်တည်း နားထောင်နေနေရတဲ့ သူကတော့ တခြားသူတော့မဟုတ် ခန့်သုတဖြိုးရဲ့ နှစ်ယောက်မရှိတဲ့ တစ်ဦးတည်းသော သူငယ်ချင်း အောင်သူပင်...
"ငါ အိမ်မှာလည်းမနေချင်တော့ဘူး
အဆိုးဆုံးက ဟိုကောင်မကိုမတွေ့ချင်တာဘဲ""စကားပြောတာကြမ်းလှချည်လား...
ဟိုက မင်းချစ်သူနော် မင်းရဲ့ အပျော်မယ်မဟုတ်ဘူး""အေ့ အပျော်မယ်ဆိုရင်တောင်တော်သေး..
အခုက သူ့ကြောင့်ချည်းဘဲ စိတ်ညစ်နေရတာ...
ပြီးတော့ သူနဲ့ ငါ ပြတ်တာကြာပြီ လာကပ်တွယ်နေလို့သာတွဲပေးနေရတာ"အောင်သူ မျက်မှောင်ကျုံ့ပစ်လိုက်ပြီး...
"မင်းမကြိုက်ရင် ဘာလို့တွဲခဲ့သေးလဲ ရေရှည်အတွက်စဥ်းစားပြီး တွဲခဲ့တာမဟုတ်ဘူးလား"
"ဘယ်ဟုတ်ရမှာလဲ... ၁နှစ်လောက်ဘဲတွဲမယ်လုပ်ထားခဲ့တာ
သူက အတင်းကပ်နေလို့ ခွာမရတော့ဘဲ နေနေရတာ...""သားခန့် မင်း သူ့ကိုတကယ်မချစ်တော့တာလား"
ခဏတာတော့ တုန့်ဆိုင်းမိသွားပေမယ့်လည်း အချိန်တော့သိပ်မကြာလိုက်...
"မချစ်တော့တာကြာပြီ"
"ရိုးအီလာတာမျိုးလား"
"အွန်းဟုတ်တယ် ငါ့ကို အဲ့လို ကပ်တွယ်ပြီးလာနေရင် ငါက ပိုပိုပြီး
စိတ်ကုန်တယ်...သူ့ပုံစံကိုလည်းကြည့်ဦးလေ.. ဝတ်တတ်စားတတ်တဲ့ သူမှမဟုတ်တာ... လွန်ခဲ့တဲ့ ၆နှစ်က ပုံစံဘဲ ဖြစ်နေတာ ဒီပုံစံက ဒီပုံစံဘဲ ခေတ် အမြင်ကိုမရှိဘူး ခေတ်နဲ့ အညီ မဝတ်စားတတ်ဘူး""ရေရှည်မတွဲနိုင်ဘူးဆိုရင် ၁နှစ်ပြည့်ကတည်းကဖြတ်လိုက်လေ"
"ဖြတ်တာဘဲ သူက မပြတ်နိုင်ဘူးတဲ့"
အောင်သူ သေချာစိုက်ကြည့်နေရင်းကနေ...
"မဝတ်စားတတ်တဲ့ မိန်းကလေးရယ်လို့မရှိပါဘူး
ငါသိသလောက်တော့ ငါ့အသိတွေထဲမှာ အဲ့လိုမိန်းကလေးတွေရှိတယ်
ရည်းစားမရခင်တုန်းကတော့ပြင်ဆင်ကြတယ် ရပြီးသွားရင်မပြင်ဆင်ကြတော့ဘူး "
YOU ARE READING
Change of heart (စစ်မှန်သောအချစ်){Completed}
Romancered flag ကောင်လေးနဲ့ အတွဲ တစ်တွဲ🚩 green flag ကောင်လေးနဲ့ အတွဲ တစ်တွဲ 🟢 အတွဲ ၂တွဲ ပါဝင်ပြီး အချစ် ၂မျိုးကို မြင်တွေ့ နိုင်မည့် ဝတ္ထုပါရှင့်❤️ (warning ပါပါသည်🚨) Red Flag🚩 "မင်း ကိုယ်မင်း နာကျင်အောင်လုပ်ရဲလုပ်ကြည့်... အဲ့လိုလုပ်ရင်လည်း ငါလွှတ်ထားမ...