Chapter - 14

3.1K 68 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၁၄)

ပန်ဆု တိုက်ခန်းကို ပြန်ရောက်တာနှင့် အိပ်ယာပေါ်လှဲလိုက်ပြီး
ရှိုက်ကြီးတငင်ငိုမိပြန်လေသည်။
တစ်လမ်းလုံး ငိုလာတာတောင် မျက်ရည်တွေများ မကုန်ခမ်းနိုင်အောင် ကျနေပြန်ရော...

"တင်း တောင်..."

လူခေါ်ဘဲလ်သံကြောင့် အိပ်နေရာကနေ ထထိုင်လိုက်ပြီး...
မျက်ရည်တွေကို သုတ်လိုက်ကာ...
ဘယ်သူများလဲဆိုပြီးစဥ်းစားလိုက်လေသည်။
ငြိမ်း တော့မဖြစ်နိုင်..
သူ့ရဲ့ Pw သိတာကြောင့် တခါတည်းဝင်လာခဲ့မှာ..

တံခါး ကိုဖွင့်လိုက်တော့...
သူ့ကို တစ်လမ်းလုံး ငိုအောင်လုပ်ခဲ့တဲ့ ကိုဖြိုးပင်...
ကိုဖြိုးမှန်းသိလိုက်ရတာနှင့် တံခါးကို အမြန်ပိတ်ပေမယ့်
အပြင်ကနေ ဆွဲထားတာကြောင့် ပိတ်မရလိုက်...
ကိုဖြိုး မရမက ဆွဲဖွင့်ပြီး အထဲ ဝင်လာလေသည်။

"ကိုဖြိုး ထွက်...!!"

အိမ်ထဲ ဝင်သွားတဲ့ ကိုဖြိုး နောက်ကိုလိုက်ပြီး...
အတင်းတွန်းကာ အိမ်ထဲကနေ ထွက်ခိုင်းပေမယ့်...
သူ့အားနှင့် ကိုဖြိုး အားနှင့် က မမျှ...
သူဘယ်လောက်ဘဲ အရပ်ရှည်တယ်ပြောပြော...
ခေါင်းတစ်လုံးသာတဲ့ ကိုဖြိုး ကိုတော့ မမှီ...

အတင်းတွန်းထုတ်နေပေမယ့်မရ...
နဂိုကတည်းက ဝမ်းနည်းစိတ်ရှိနေတာမို့ တွန်းနေရင်းကနေ မျက်ရည်က ကျလာပြန်ရော...
ရင်ဘတ်ကိုထုရိုက်ပြီး ငိုမိပြန်လေသည်.

"ဘာကြောင့်လဲ...ဘာကြောင့်လဲ"

တစ်လမ်းလုံး ငိုလာခဲ့တာကိုလည်း သူသိသည်။
အခုလည်း သူ့ရင်ဘတ်ကိုထုရိုက်ကာ ငိုနေတာမို့ ပန်ဆုရဲ့ လက်တွေကို ယူကာ...သူ့ရဲ့ ကျောနောက်ဖက်ကို ပို့လိုက်ပြီး..
ပန်ဆု ကို သူ့ရင်ခွင်ထဲ သွင်းကာ.. တင်းနေအောင်ဖက်ထားလိုက်လေသည်။

"မငိုနဲ့တော့... ငိုတာမကြိုက်ဘူးလို့ပြောလို့လည်းမရဘူးဘဲ..
အရင်လို မဟုတ်တော့ဘူးနော် ပန်ဆုမေ"

ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ကာ...
သူ့ကို စိုက်ကြည့်ပြီး...

"အဲ့အရင်က ပန်ဆုမေကို ပြန်လိုချင်ရင် တစ်သက်လုံးပြန်ရမှာမဟုတ်ဘူး"

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now