Chapter - 32

2.9K 59 0
                                    

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၃၂)

"boss အပြင်ခဏသွားပြီး လေညင်းခံနေလိုက်ပါလား"

ပင်ပန်းနေတဲ့ ပုံပေါက်နေတာကြောင့်စိတ်ပြေလက်ပျောက်ဖြစ်အောင် အပြင်ထွက်ခိုင်းခြင်းပင်...
Boss ဘေးနားမှာရှိနေခဲ့တဲ့ ၇နှစ်အတွင်း မျက်ရည်ဆိုတာသူ မမြင်ခဲ့ဖူးဘူးလေ.. အခုတော့ဖြင့်... ရှိုက်ကြီးတငင်ငိုယိုနေခဲ့တာမို့ သူကိုယ်တိုင်လည်း အံ့သြနေခဲ့ရလေသည်။

"ငါ အပြင်ခဏသွားမှာမို့လို့ မင်း သူ့ကိုသေချာကြည့်ပေးထားပေး..
တစ်ခုခုဆို ငါ့ကိုဖုန်းလှမ်းဆက်ခဲ့လိုက်"

"ဟုတ်Boss"

သူ့ကို အတန်တန်မှာပြီးတာနှင့် တက်ကြွခြင်းမရှိဘဲ ငိုင်တိုင်တိုင်ဖြင့် အပြင်ထွက်သွားလေတော့သည်။
boss အပြင်ထွက်သွားပြီးတာနှင့်မကြာလိုက်သေးခင်မှာဘဲ
ဆရာကတော်က အခန်းထဲကနေ ထွက်လာလေသည်။

"ဘယ်သွားမလို့လဲ ဆရာကတော်"

"အောက်ထပ်ခဏဆင်းမလို့"

အရင်က သူ့ကိုပြုံးပြပြီး နွေးထွေးမှုရှိတဲ့ သူက အခုတော့ အဲ့အရာတွေ မရှိတော့တဲ့ သူတစ်ယောက်လို ဖြစ်နေတာမို့ သနားလည်းသနားကာ...

"boss အပြင်ထွက်သွားတယ် ပြန်လာမှ boss နဲ့ အတူတူ..."

"ငါ့ပုံစံက သူနဲ့ အတူတူအပြင်ပြင်သွားချင်နေတဲ့ ပုံပေါက်နေလို့လား"

ပြန်ပြောနိုင်ဖို့ စကားမရှိ...
Boss နဲ့အတူတူနေလာတဲ့ တစ်လျှောက် ဆရာကတော်ကို ဘယ်လိုမျိုးနှင်ထုတ်ခဲ့တယ်ဆိုတာတွေက အစ သူအကုန်မြင်ခဲ့ရလေသည်။
boss တို့အကြောင်း အကုန် သိတဲ့သူတွေထဲ သူလည်းပါတာမို့ ဆရာကတော် ဘယ်လောက်အထိ ပင်ပန်းခဲ့လဲဆိုတာ လည်း သူသိသည်။

အပြင်ထွက်သွားတဲ့ ဆရာကတော်နောက်ကိုမလိုက်တော့ဘဲ သူတစ်ယောက်တည်း အခန်းထဲမှာ ကျန်ထားခဲ့လိုက်ပြီး အလုပ်တွေကို သာဆက်လုပ်လိုက်နေသည်။

နာရီဝက်လောက်ကြာတော့ boss ပြန်လာကာ..
အခန်းထဲ ဝင်သွားပြီး မကြာလိုက် ချက်ချင်းဆိုသလို ပြန်ထွက်လာပြီး..

Change of heart (စစ်မှန်သောအချစ်){Completed}Where stories live. Discover now