အပိုင်း[၂၇]

2.8K 207 10
                                    

"ငယ်"

မိမိခေါ်သံကြောင့် ထိုကလေးဟာ တကုတ်ကုတ်နှင့် အပင်များကြားမှ ထလာလေသည်။

"မမက ငယ် ဒီမှာရှိနေတာဘယ်လိုသိတာလဲ"

"ဘာမသိစရာရှိသလဲငယ်ရဲ့...မင်း မေမေကိုမေးလာတာပေါ့"

နှင်းဆီအဝါတစ်ပွင့်အား အပင်မှခူးယူလိုက်သည်။ အိမ်မှာ နှင်းဆီပင်တွေကအများဆုံးပင်။မမအတွက် နှင်းဆီဝါတွေကိုတခုတက ပျိုးထားခဲ့ခြင်းပါ။

"လာမမ"

မမကို ခုံးတန်းလေးတွင်ထိုင်စေလိုက်သည်။မိမိက မမရဲ့ဘေးချင်းကပ်လျက်တွင်ထိုင်လိုက်၏။

"မမကိုပန်ပေးမယ်"

မမရဲ့ မျက်နှာနားအနီးကပ်ရှိနေသဖြင့် မမရဲ့မျက်နှာအလှကို အနီးကပ်မြင်နေရ၏။
ပါးပြင်ပေါ်မှမွေးညင်းနုနုလေးများကအစရင်ခုန်ချင်စရာကောင်းနေသည်။လည်တိုင်လေးက ဖြူဖွေးကာသွေးကြောစိမ်းစိမ်းကလေးများပင် ပေါ်နေ၏။

"ငယ်"

မမကကိုယ့်ကိုအလန့်တကြားခေါ်လိုက်၏။အခြားတော့မဟုတ်ပါ။မမရဲ့ ပါးကိုနမ်းလိုက်ခြင်းကြောင့်ဖြစ်သည်။

"ဘာလို့လဲ"

"လူကြီးတွေမြင်ကုန်မယ်လေကွယ်"

"မြင်ပါဘူး မမကလည်း"

မမရဲ့လည်တိုင်ဖြူဖြူလေးကိုထပ်ပြီးနမ်းလိုက်မိသည်။

"ငယ်ရယ်။ဘယ်လိုဖြစ်နေသလဲ။လူမြင်ပါမယ်ဆိုနေတာကို..မမနဲ့နှစ်ယောက်တည်းရှိနေတုန်းဆို ဘာမှမဖြစ်ဘူး။‌အခုက မြင်သွားမှဖြင့် ငယ်ရောမမရော ဒုက္ခရောက်မှာနော်"

ဒီကလေးဟာ ဘာမှတွေးတောနေပုံမရပါ။သူလုပ်ချင်ရာကိုဇွတ်တရွတ်လုပ်ချင်တဲ့ဆန္ဒပဲရှိလေသည်။

"မမကလည်း မြင်သွားတော့ရော ဘာဖြစ်လဲ..တစ်ခါတည်းလူကြီးတွေသိပြီးသားဖြစ်သွားတာပေါ့"

တကယ်တမ်း မိန်းကလေးနှစ်ယောက်လက်တွဲရာတွင်ထိုမျှမလွယ်ကူမှန်း သိသည်။အဆိုးဆုံးက မိဘအသိုင်းအဝိုင်းပင်ဖြစ်သည်။ပတ်ဝန်းကျင်၏ပြောဆိုမှုဒဏ်ကိုခံနိုင်ရည်ရှိတယ်ဆိုပါစေဦးတော့ မိဘတွေကြည်ဖြူနေမှသာဖြစ်လိမ့်မည်။ထိုကြားထဲမှ မိဘများကသဘောတူလက်ခံမပေးရင် ပိုလို့ပင်ဆိုးသေး၏။

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now