ရှောင်းကျန့်ကားထဲကို အတူတူဝင်လာပြီးနောက်မှာတော့ ရိပေါ်က ရုတ်တရက်ရှောင်းကျန့်ကိုလည်ပင်းညှစ်လိုက်သည်။ လည်ပင်းညှစ်လိုက်တာနှင့် ဝမ်းနင်က ရိပေါ်၏ လည်ပင်းကိုဓားနှင့်ပြန်ထောက်ထားလေသည်။ ရိပေါ်က ဝမ်းနင်ကိုတစ်ချက်သာစိုက်ကြည့်ပြီး ရှောင်းကျန့်လည်ပင်းပေါ်က လက်ကိုတော့ဖယ်မပေးခြေ။ ရိပေါ်ကရှောင်းကျန့်ကို စိုက်ကြည့်ရင်း
"တစ်ပွဲစားအကြံနဲ့ စောက် လုပ်ကိုဘယ်လိုလုပ်လာတာလဲ။"
"အဟက် ဘာလို့လဲ။ မင်းလည်းအကြပ်တည်းထဲမှာမဟုတ်လား။"
"မင်းလိုပဲ လူတိုင်းကိုထင်နေရင် မင်းမှားသွားပြီ။ ငါမင်းလို မလောဘူး။"
"ဘာလဲ။ မင်းမှာရည်းစားရှိလို့လား။"
ရိပေါ်ကအဖြေပြန်မပေးတော့ ရှောင်းကျန့်က ဟက်ကနဲပြုံးပြီး
"ဒါကို ဘာလို့ပေါက်ကွဲနေတာလဲ။"
"အခုမရှိပေမယ့် နောက်ရှိလာမှာ။"
"ဒီမှာ Mr Wang ခင်ဗျားငြင်းချင်ရင် ခုနကပွဲခင်းထဲမှာတည်းက ငြင်းခွင့်ရှိတယ်။ ငါ့ ကို အပိုစကားလာမပြောနဲ့ ။
ရှောင်းကျန့်က ထိုသို့ပြောပြီးရိပေါ်ကိုတွန်းထုတ်ပစ်လိုက်သည်။
"ပြောစရာမရှိတော့ဘူးဆို ကားပေါ်ကဆင်းတော့။ ငါလုပ်စရာတွေရှိသေးတယ်။"
ရိပေါ်က ခေါင်းတဆက်ဆက်ညိမ့်ပြီး သူ့အားလက်ညိုးထိုးလျှက်
"ဒါမင်းရဲ့ ရွေးချယ်မှုနော်။ မင်းခံနိုင်ရည်ရှိအောင်လုပ်ထား။ "
ရိပေါ်ကထိုသို့ပြောပြီး ကားပေါ်ကဆင်းသွားသည်။
"အဟက်..အရူး လေကြီးလေကျယ်နဲ့ လာခြိမ်းချောက်နေတယ်။ ပွဲထဲမှာတော့ ငါ့ပြောသမျှခွေးပေါက်လေးလိုခေါင်းတညိမ့်ညိမ့်နဲ့နာခံနေရပြီးတော့။"
_______ရှောင်းကျန့် သူ့ရဲ့ Wang, Xiao You tube Channel ကိုတစိမ့်စိမ့်ကြည့်ရင်း follower တွေတိုးနေတာကို သဘောကျစွာ ထိုင်ကြည့်နေသည်။
"ဝမ်းနင် မင်းမြင်လား။ ငါ့အကြံဘယ်လောက်ကောင်းလဲ။"
သူ့အပြောကို ဝမ်းနင်ကထောက်ခံပုံမရပဲ