"သူဈေးဝယ်တာကိုစောင့်နေရင် ဗိုက်အောင့်နေလိမ့်မယ်။ ငါကြည့်ကြည့်မယ် ဟိုက်စမ်းဘာတွေဝယ်ထားလဲ။"
ရှောင်းကျန့်က ဘီဒိုလေးဖွင့်ပြီး ဟိုရှာဒီရှာလုပ်ကာ
"တွေ့လား ဟိုက်စမ်းလို အူကြောင်ကြားကိုဘာလို့အနားခေါ်ထားရလဲဆို ဒါကြောင့်ပဲ။ "
ဘီဒိုထဲမှာ ပေါင်မုန့်တွေကြက်ဥတွေယိုဘူးတွေ ဖြည့်ထားတာကိုတွေ့ရသည်။ ဟိုက်စမ်းက မစားရမှာသိပ်ကြောက်တာမို့ အဲ့လိုတွေဝယ်တတ်သည်။
ရှောင်းကျန့်အလွယ်တစ်ကူ ပေါင်မုန့်မီးကင် လေးကိုလုပ်လိုက်ပြီး ကော်ဖီဖျော်ကာ စားပွဲမှာတင်လိုက်သည်။
"မနက်စာကို သေချာစားမှ တစ်နေကုန်အားပြည့်မှာ။"
ရှောင်းကျန့်လုပ်သမျှကို ရိပေါ်ထိုင်ကြည့်နေပြီး သူပြင်ထားပေးသည့် မနက်စာကို တိတ်တဆိတ် ငုံ့စားနေမိသည်။
"ရိပေါ်.........ရိပေါ်....ကောင်းရဲ့လား။"
ရိပေါ်က မော့မကြည့်ပဲ ခေါင်းညိမ့်ပြတော့ ရှောင်းကျန့် အနားကပ်ကာ မျက်နှာဆွဲမော့လိုက်သည်။
"ရိပေါ်..."
ရိပေါ်ကခေါင်းပြန်ငုံ့တော့ ရှောင်းကျန့်ပြန်မငုံ့စေပဲ မျက်နှာကိုဆွဲထားကာ
"ဘာဖြစ်လို့လဲ။"
ရိပေါ်မျက်နှာ တစ်ခုလုံးက ငိုချင်တာကိုအောင့်ထားသဖြင့် ရဲတွတ်နေသည်။
"နွေးထွေးတယ်။"
"........"
"Baby ကိုယ့်ကို အခုလို မနက်စာလုပ်ပေးတာ အရမ်းနွေးထွေးတယ်။ ကိုယ်ပျော်လို့။"
"အဲ့လောက်တောင်ပျော်လား။"
"သိတဲ့ အတိုင်း ကိုယ် မင်းကိုအရမ်းချစ်တယ်လေ။ မင်းကိုယ့်အပေါ် မြန်မြန်ပဲ ခုလိုတုန့်ပြန်မယ်လို့ မထင်ထားဘူး။"
ရှောင်းကျန့် မနက်စာမစားပဲရိပေါ်ကို ကြည့်ကာပြုံးနေတော့ ရိပေါ်လည်း ရှက်သွားပြီး။
"မနက်စာစားလေ။"
"မင်းအရင်စားပြီးမှ...."
"ဒါဆို baby ဆီက အဖြေရပြီလို့သက်မှတ်ရမလား။"